Galaxy K Zoom smartphone အကြောင်း

ဆမ်ဆောင်း ကုမ္ပဏီ က မကြာသေးခင်ကထုတ်လုပ်ထားတဲ့ Galaxy S5 ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Galaxy K Zoom smartphone ဟာ ကင်မရာဦးစားပေး ဖုန်းအမျိုးအစားဖြစ်ပြီးတော့ ပုံမှန် compact camera တစ်လုံးချင်းသီးသန့်မယူချင်သူ တွေအဖို့ အသုံးတည့်စေမယ့် ဖုန်းလည်းဖြစ်ပါတယ်။

GSM ကဒ်သုံးကင်မရာသုံးဖုန်းအမျိုးအစားတစ်ခု ဖြစ်ပြီး Android 4.4.2 ဖြစ်ကာ ဖုန်းအတွင်းမှတ်ဥာဏ်ကို 8 GB မှ 64 GB အထိ တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့အထူ 20.2 mm ရှိတာမို့ ပုံမှန်ဖုန်းတွေထက် ပိုထူနေပေမယ့် ကင်မရာကိုဦးစားပေးထားတဲ့အတိုင်း 20.7 MP ကို 1/2.3 back –side-illu-minated(BSI) cmos sensor နဲ့ ပေါင်းစပ်ထားတာပါ။

Full HD 1080×1920 video တွေကို 60 fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး optical image stabilization နည်းပညာကိုပါထည့် သွင်းပေးထားလို့ ရိုက်ကူးတဲ့ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာ ရရှိနိုင်မှာပါ။ ဘက်ထရီအနေနဲ့ကတော့ 2430 mAh ဖြစ်ပီး ဈေးကွက်အတွင်းမကြာခင် ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ် ။

adv_banner