ASUS VivoBook S400CA ကွန်ပျူတာ လပ်တော့အကြောင်း

ASUS ကုမ္ပဏီထုတ် ကွန်ပျူတာ လပ်တော့တွေထဲက မျက်နှာပြင်အကျယ် ၁၄ လက်မရှိပြီး ထိတွေ့အသုံးနိုင်မယ့် ကွန်ပျူတာမျက်နှာပြင်ပါဝင်တဲ့ ASUS VivoBook S400CA ကွန်ပျူတာ လပ်တော့မှာ ဆိုရင်တော့ processor 1.7 GHz Core i5-3317U တပ်ဆင်ထားတာဖြစ်ပါတယ်။

မန်မိုရီလို့ ခေါ်တဲ့ မှတ်ဥာဏ်အတွက်ကိုကတော့        1600 MHz 4 GB DDR3     ထည့်သွင်းပေးထားပါတယ်။ ၀င်ဆန့်နိုင်မှု ပမာဏအတွက် 500 GB ဟက်ဒစ်ပါဝင်မှာဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစား ၁၄ လက်မ ရှိတဲ့ ဒီလပ်တော့ရဲ့ မျက်နှာပြင် ပုံရိပ် ကျစ်လစ်မှုကို 1366 x 768 pixels အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 2.0 USB Ports 1 နဲ့ 3.0 USB Ports 2 နဲ့အတူ SD Card Reader ပါ ထည့်သွင်းပေးထားပြီး အလေးချိန် 6.6 ပေါင် ရှိတာဖြစ်ပါတယ်။

Windows 8 ကို ထည့်သွင်းအသုံးပြုထားပြီး ဘတ်ထရီရဲ့ ကြာရှည်ခံနိုင်မှုကတော့ 5 နာရီကြာ အသုံးခံနိုင်မှာဖြစ်ပါတယ်။ အရောင်အသွေးအတွက်ကတော့ အနက်ရောင်နဲ့ ငွေမှင်ရောင် နှစ်မျိုးနဲ့ ထွက်ရှိလာ ဖြစ်ပြီး ရောင်းဈေးအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ 700 ၀န်းကျင် တန်ဘိုးရှိတဲ့ ကွန်ပျူတာ လပ်တော့ တစ်မျိုးလည်း ဖြစ်ပါတယ်။ ရုပ်သံဖန်တီးထုတ်လုပ်မှုတွေကို ပြုလိုတဲ့ သူတွေနဲ့ တစ်ကိုယ်ရည်သုံး ကွန်ပျူတာ အနေနဲ့ အသုံးပြုလိုတဲ့သူတွေအတွက် အထူးသင့်တော်တဲ့ ကွန်ပျူတာလပ်တော့တစ်လုံး အဖြစ် မိတ်ဆက် တင်ပြပေးလိုက်ရပါတယ်။

adv_banner