နာမည်ကြီး ဖိနပ်တံဆိပ်တွေကို ယှဉ်ပြိုင်နေတဲ့ ဂါနာနိုင်ငံက လယ်သာဖိနပ်

 ဂါနာရဲ့ ဂိုဒေါင်တစ်ခုတည်းမှာ တည်ထောင်ထားတဲ့ သားရေကုမ္ဂဏီလေးတစ်ခုက သူ့ရဲ့လက်ရာဒီဇိုင်းကောင်း တဲ့ဖိနပ်တွေကို တင်ပို့ပြီး ကမ္ဘာကျော်ဖို့ ကြိုးစားနေပါတယ်။

ဂါနာနိုင်ငံဟာ အာဖရိကတိုက်မှာ စီးပွားရေးအရ ဒုတိယနေရာ ရှိနေပြီး ကုန်ကြမ်း ပစ္စည်းတွေ တင်ပို့ခြင်းနဲ့သာ နာမည်ကြီးတာပါ။

Heel the world လို့နာမည်ပေးထားတဲ့ အဲဒီကုမ္ပဏီရဲ့ ဥက္ကှဌက “ကျွန်တော်တို့ရဲ့ ဂိုဒေါင်က လုပ်တဲ့ ဖိနပ်တွေနဲ့ နာမည်ကြီးတံဆိပ်တွေဖြစ်တဲ့ Louis Vuitton တို့ Hermes တို့ကို ယှဉ်ပြိုင်နေတာပါလို့ ပြောပါတယ်။

ဖိနပ်လုပ်ရာမှာ အသုံးပြုတဲ့ လယ်သာတွေကိုတော့ အီတလီနိုင်ငံက အများဆုံးတင်သွင်းခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အာဖရိကတိုက်ထဲက နိုင်ငံတစ်ခုဖြစ်တဲ့ Burkina faso ကပဲ မှာယူတာဖြစ်ပါတယ်။

ဒီကုမ္ပဏီက ဖိနပ်တွေကို ဂါနာနိုင်ငံတင်မက နိုင်ငံတကာအထိ တင်ပို့နိုင်ဖို့ အဲဒီကုမ္ပဏီက ကြိုးစားခဲ့ပါတယ်။

အခုဆိုရင် ဖင်လန်၊ ကနေဒါနဲ့ အမေရိကတို့လို နိုင်ငံတွေကတောင် အမှာစာတွေ ရရှိနေပြီလို့ ကုမ္ပဏီရဲ့ ထုတ်လုပ်မှုမန်နေဂျာက ပြောပါတယ်။

 

adv_banner
adv_banner