?bph6

Place your ads here!

ဟေတီနိုင်ငံမှာ ကမ္ဘာ့ဖလားပွဲအားပေးမှုပြင်းထန်

နှစ်ပေါင်း ၄၀ ကြာ ကမ္ဘာ့ဖလားပွဲကို နိုင်ငံကိုယ်စားပြု ၀င်ရောက်မယှဉ်ပြိုင်ခဲ့သည့် ဟေတီနိုင်ငံမှာ ကမ္ဘာ့ဖလားပွဲ အားပေးမှုကတော့ ပြင်းထန်နေပါတယ်။

ကမ္ဘာ့ဖလားပွဲကျင်းပဖို့ ရက်အနည်းပဲ လိုတော့တဲ့အချိန်မှာ အားပေးဖို့ အပြင်းအထန်ပြင်ဆင်နေကြပြီး နိုင်ငံရဲ့ မြို့တော်ကလမ်းတွေမှာ ကမ္ဘာ့ဖလားပွဲဝင်ပြိုင်တဲ့ နိုင်ငံတွေရဲ့အလံတွေလွှင့်ထားတာဖြစ်ပါတယ်။

သူတို့အဓိက အားပေးကြတဲ့ နိုင်ငံက ဘရာဇီးလို့ ထင်ရပေမယ့် အာဂျင်တီးနား၊ ဂျာမနီ နဲ့ အီတလီနိုင်ငံကို အားပေးတဲ့လူတွေလည်း ရှိပါတယ်။

အချို့ကတော့ ဒီလိုအားပေးမှုနဲ့ ကမ္ဘာ့ဖလားပွဲအပေါ် စိတ်လှုပ်ရှားမှုတွေဟာ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုနဲ့ ၂၀၁၀ ခုနှစ် မြေငလျင်ကြောင့် လူပေါင်း ၂ သိန်းကျော်လောက် သေဆုံးခဲ့တဲ့နိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အထွေးတွေဆီက အာရုံလွှဲ မေ့ပျောက်ဖို့ နည်းလမ်းတွေလို့လည်း ဝေဖန်ပါတယ်။

ဟေတီနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲမှာ လွန်ခဲ့တဲ့ နှစ် ၄၀၊ ၁၉၇၄ခုနှစ်က နောက်ဆုံးပါဝင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းကတော့ အီတလီကိုတောင် နိုင်အောင် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ ဟေတီနိုင်ငံဟာ FIFA ရဲ့ ဘောလုံးအဆင့်မှာ ၇၃ ဖြစ်နေပါတယ်။

 

adv_banner