ဘောလုံးအားကစားဟာ တရုတ် Cuju အားကစားမှ ဆင်းသက်လာဟုဆို

ဘောလုံးအားကစားဟာ တရုတ်ရဲ့ရှေးဟောင်း အားကစားတစ်ခုဖြစ်တဲ့ Cuju အားကစားကနေ ဆင်းသက် လာတာဖြစ်တယ်လို့ တရုတ်နိုင်ငံက အချို့လူတွေက ပြောဆိုနေကြပါတယ်။

Cuju အားကစားဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က တရုတ်ပြည်မှာ စတင်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက် တိုးတက်လာကာ အခု ဘောလုံးအားကစားနဲ့ ပုံစံ ခပ်ဆင်ဆင်တူလာတာဖြစ်ပါတယ်။

Cuju အားကစားနည်းပြက Cuju အားကစားမှာဆိုရင် ဂိုးပေါက်(၃)ခုရှိပြီး ဂိုးသွင်းနိုင်ရင် အမှတ်ရတယ်။ ပြီးတော့ အဲဒီဘောလုံးက မြေကြီးနဲ့ ထိလို့မရဘူးလို့ ပြောပါတယ်။

Zibo ဘောလုံးအားကစားပြတိုက်ရဲ့ ဒါရိုက်တာက “ဘောလုံးအားကစားဟာ တရုတ်ပြည်ကနေ အီဂျစ်၊ အဲဒီကနေ ဂရိ၊ ရောမ၊ ပြင်သစ်တို့ကနေ နောက်ဆုံးမှာ အင်္ဂလန်ကိုရောက်ပြီး အရမ်းကို ရေပန်းစားတဲ့ အားကစားဖြစ်လာခဲ့တယ်”လို့ ပြောပါတယ်။

တရုတ်ဘောလုံးအသင်းက ၂၀၀၂ခုနှစ်မှာ ကမ္ဘာ့ဖလားပွဲကို တစ်ကြိမ်ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် အုပ်စုပွဲစဉ်မှာဘဲ ရှုံးနိမ့်ပြီးထွက်ခဲ့ရတာပါ။

အဲဒါကြောင့် တစ်ချို့က တရုတ်ကဘောလုံး အားကစားကို တီထွက်ခဲ့တယ်လို့ ပြောပေမယ့်လည်း တရုတ် အနေနဲ့ နိုင်ငံတကာ အတိုင်းအတာအရ အောင်မြင်မှာပဲ အဲဒီအဆိုကို အသိအမှတ်ပြုနိုင်မှာဖြစ်ပါတယ်။

adv_banner