?bph6

Place your ads here!

လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ လူငယ်တွေ တောင်းဆို

လူကြီးတွေက အမိန့်ပေးပြီး လူငယ်တွေပါဝင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်ဆိုင်းဖို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်အပါအ၀င် လူငယ်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၉ ရက်နေ့က အခမ်းအနားကို စမ်းချောင်းမြို့နယ်ရှိ ကချင်နှစ်ချင်း ခရစ်ယာန်အသင်းတော်မှာ ကျင်းပခဲ့တဲ့ ကချင်ဒေသ တစ်ကျော့ပြန်စစ် (၃)နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အခမ်အးနားမှာ အဲ့ဒီလို တောင်းဆိုလိုက်ကြတာဖြစ်ပါတယ်။

“ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်က စပြီးတော့ ရန်ကုန်မြို့တစ်မြို့လုံးမှာ လူငယ်တွေ ကိုယ်တိုင်ပါဝင်ပြီးတော့ လူငယ်ကွန်ယက်တွေ ဘာသာပေါင်းစုံတွေ၊ ဒီစစ်ပွဲမှာ လူငယ်တွေက စစ်ပွဲမှာပါဝင်နေရမယ့် အစား၊ ဒီလိုမျိုးငြိမ်းချမ်းရေးမှာ ပိုပြီးတော့မှ ပူးပေါင်းပါဝင်ပြီးတော့ ဒီနိုင်ငံတော်ကြီးကို ဒီဒေသကြီးကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ဖို့အတွက် ကျနော်တို့က အမြဲတမ်းလူငယ်တွေကို တိုက်တွန်းချင်ပါတယ်”လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ကိုမရန်ဂျော်ဂွန်း ကပြောပါတယ်။

အဲ့ဒီပွဲမှာ လူ(၃၀၀)ကျော်တက်ရောက်ခဲ့ပြီး တစ်ဝက်နီးပါးက လူငယ်တွေ တက်ရောက်ခဲ့ကြပြီး နှစ်ချင်း၊ ကသလစ်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ အစ္စလာမ် ဘာသာတွေက ဘာသာရေး ခေါင်းဆောင်များက ဆုတောင်းခြင်း ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

“ဒီကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို တကယ်ပြောမယ်ဆိုရင် ရပ်တန့်စေချင်တယ်ပေါ့နော်။ ဘယ်နေရာမှာဘဲဖြစ်ဖြစ် တိုင်းရင်းသားတွေ အခက်အခဲ အကုန်လုံးကို ရပ်တန့်စေချင်ပါတယ်”လို့ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ကိုညီခိုင်ထွေးကပြောပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ ၂၀၁၁ ခုနှစ်က စတင်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အစိုးရတပ်တို့ကြား လက်နက်ကိုင်းပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားခဲ့ တာဖြစ်ပြီး ဒီလက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေနေ့ထိုင်နေကြရတာလဲဖြစ်ပါတယ်။

 

နိုဗယ်ဘ်ဇော်

adv_banner