လူထုဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များစာအုပ် ရွှေရတုပြည့်မြောက်

စာရေးဆရာမကြီး လူထုဒေါ်အမာရေးသားခဲ့တဲ့ ပြည်သူချစ်သော အနုပညာသည်များစာအုပ် ပုံနှိပ် ထုတ်ဝေခြင်း နှစ်၅၀ပြည့် ရွှေရတုနှစ်ပတ်လည် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီရွှေရတု နှစ်ပတ်လည် အခမ်းအနားကို မေလ (၂၇) ရက်နေ့က အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်မှာ လူထုစာအုပ်တိုက်က ကြီးမှူးကျင်း ပခဲ့ပါတယ်။

“အမေ့စာအုပ်တွေထဲက ပထမဆုံးအမေဆုရတဲ့ စာအုပ်ဗျ၊ ကျနော်ထင်ပါတယ်။ ဒီတစ်ဆုဘဲရဖူး တယ်လို့ထင်ပါတယ်။ အဲဒီအတွက်အများကြီးလည်း ကြိုက်ကြတယ်။ ခဏခဏလည်း ပြန်ရေးရတယ်။ ဒီစာအုပ်အတွက် နှစ် ၅၀ အထိမ်းအမှတ်ပွဲလေးလုပ်တာ”လို့ စာရေးဆရာ ညီပုလေးကပြောပါတယ်။

စာရေးဆရာမကြီး လူထုဒေါ်အမာဟာ လူထုဂျာနယ်ထဲမှာ ပြည်သူချစ်သော အနုပညာရှင် တွေဖြစ်ကြ တဲ့ ဆရာမြို့မငြိမ်း၊ လေပါတီမမြရင် စတဲ့ပုဂ္ဂိုလ်တို့အကြောင်း စတင်ရေးသားခဲ့တာဖြစ်ပြီး နောက်ပိုင်း မှာ အချက်အလက်တွေကို ထပ်မံစုဆောင်းကာ ၁၉၆၄ခုနှစ်မှာ လုံးချင်းစာအုပ်အနေနဲ့ ပုံနှိပ်ထုတ်ဝေခဲ့ တာဖြစ်ပါတယ်။

“စာအုပ်ကို စပြီးလုပ်တာ အရင်တုန်းက လူထုဂျာနယ်ထဲမှာ မြို့မငြိမ်း အကြောင်းရေးခဲ့တယ်၊ မမြရင်အကြောင်းတွေ ရေးခဲ့တယ်။ အဲဒါမျိုးလေးတွေ ရေးနေတော့ ဆရာလူထုစိန်ဝင်းနဲ့ ဆရာ ဦးကြည်အောင်တို့ တိုက်တွန်းတာပေါ့။ အချက်အလက်တွေစုရတယ်။ သတင်းစာသမားတစ် ယောက်အနေနဲ့၊ ရုပ်သေးမင်းသမီးတွေရှိတဲ့ ရွာတွေဘာတွေဆိုရင် ကားနဲ့သွားပြီးမေးရတယ်။ စာအုပ်စာတမ်းတွေနဲ့ ဓာတ်ပုံတွေကို လာပေးကြတယ်”လို့ လူထုစာကြည့်တိုက်က စာကြည့်တိုက်မှုး ကိုအောင်မြင့်ဦးက ပြောပါတယ်။

အဲ့ဒီစာအုပ်ကို မေလ(၁၁)ရက်နေ့မှာ အမှာစာရေးပြီး၊ ၂၁ ရက်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး အုပ် ရေ(၃)ထောင်(၅)ရာ ထုတ်ပြီးတဲ့အချိန်မှာ ကုန်သွားပြီး အဲဒီ (၁၉၆၄)မှာပဲ ဒုတိယအကြိမ် ထပ် ထုတ်ရတာပါ။

စာရေးဆရာမကြီး လူထုဒေါ်အမာရေးသားခဲ့တဲ့ ပြည်သူချစ်သော အနုပညာရှင်များ စာအုပ်ဟာ ၁၉၆၄ခုနှစ် စာပေဗိမာန် အနုပညာစာပေ ပထမဆုကို ရရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း မြန်မာ့ယဉ်ကျေးမှု၊ မြန်မာအနုပညာနဲ့ မြန်မာအနုပညာရှင်တွေအကြောင်းနဲ့ ပတ်သက်ပြီး အကိုးအကားပြုစရာ စာအုပ်တစ်အုပ်အဖြစ် အခိုင်အမာ ရပ်တည်နေဆဲလည်း ဖြစ်ပါတယ်။

MCN

adv_banner