SONY XPERIA T2 ULTRA ဖုန်း အကြောင်း

Sony ကုမ္ပဏီကနေ မကြာသေးခင်ကမှ ထုတ်လုပ်ထားတဲ့ SONY XPERIA T2 ULTRA ဖုန်းဟာ မျက်နှာပြင်အကျယ် 6 လက်မရှိပြီးတော့ မြန်နှုန်း 1.4 GHz ရှိတဲ့ Snapdragon 400 Quad – core cortex A7 စနစ်ကို ထည့်သွင်းအသုံးပြုထားပါတယ်။

GSM ကဒ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G နဲ့ 3G network နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်မယ့် အရည်အသွေးမြင့် ဖုန်းတစ်လုံးဖြစ်ကာ Andriod 4.3 jelly bean version OSကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ဖုန်းအတွင်း မှတ်ဥာဏ် 8 GB သာပါဝင်ပြီးတော့ 32 GB အထိ တိုးမြှင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကင်မရာ အရည်အသွေး အနေနဲ့ကတော့ 13MP ပါဝင်သလိုဘက်ထရီအနေနဲ့ကတော့ 3000 mAh ဘက်ထရီ ထည့်သွင်းထားလို့ ဖုန်းပြောခြင်းအတွက် 24 နာရီအထိ အသုံးခံမှာဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား ကြီးမားခြင်းသာမက ရုပ်ထွက်ပိုင်း နည်းပညာတွေလည်းပါဝင်လို့ဗီဒီယိုကြည့် တာတွေ၊ ဂိမ်းကစားတာတွေနဲ့ အွန်လိုင်းစာဖတ်သူတွေအတွက် အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။

ဒါ့အပြင် multimedia ပိုင်ကို ခုံမင်နှစ်သက်သူတွေ၊ ကင်မရာ mega pixel မြင့်မြင့်သုံးလိုသူတွေ ရွေးချယ်ဖို့သင့်တော်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ကျပ် 360,000 (သုံးသိန်းခြောက် သောင်း) ၀န်းကျင်ဖြစ်ပါတယ်

adv_banner