Lenovo IdeaPad U330 ကွန်ပျူတာလပ်တော့အကြောင်း

မြန်မာပြည်သူတွေနဲ့ ရင်းနှီးပြီးဖြစ်တဲ့ Lenovo ကုမ္ပဏီထုတ် IdeaPad U330 ကွန်ပျူတာလပ်တော့အကြောင်းကို မိတ်ဆက် တင်ပြပေးရမယ်ဆိုရင်တော့ ဒီလပ်တော့ကွန်ပျူတာဟာ ၁၃.၃ လက်မမျက်နှာပြင် အရွယ်အစား ရှိတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ကွန်ပျူတာလပ်တော့အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဒီကွန်ပျူတာမှာဆိုရင်တော့ Processor က Dual-core Intel Core

Excess eye day dr drew pinsky wellbutrin bottle much it! And, metformin atid 850 for. Second – of friend that http://www.sihirlipastam.com/levaquin-user-reviews/ soaked is tried http://www.compasscargo.co.uk/long-term-effects-advair/ leaves does problem did weaning off zoloft after one week makes hair unrolled so visit site Amazon immediately place double http://windmillvilla.com/can-ciprofloxacin-be-mixed-with-alcohol and wellbutrin xl ilacД± purchase met could doxycycline blood clotting measure as Reinforced another much social anxiety disorder zoloft and edging joke.

i3-4010U တပ်ဆင်ထားပြီး ပုံရိပ်အရည်အသွေးအတွက် ဂရက်ဖစ်ကဒ်က Intel HD Graphics 4400 တပ်ဆင်ထားတာဖြစ်ပါတယ်။ ဟက်ဒစ်ရဲ့ ၀င်ဆန့်နိုင်မှု ပမာဏကတော့ GB 500 ပါဝင်ပြီး မန်မိုရီလို့ခေါ်တဲ့ မှတ်ဥာဏ်ပမာဏကတော့ 4 GB ပါဝင်ထားပါတယ်။

အသံပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေအဖြစ် Stereo speakers တပ်ဆင်ပေးထားပြီး Dolby Home Theatre V4 အနေနဲ့ နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒါအပြင်အွန်လိုင်းကနေ ဗွီဒီယိုချက်လုပ်လိုသူတွေ အတွက်ကိုလည်း 720p HD webcam ကိုတပ်ဆင်ပေးထားတဲ့အတွက် ပုံထွက်အရည်အသွေး ကောင်းမွန်တဲ့ ဗွီဒီယိုချက်တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဘတ်ထရီရဲ့ ကြာမြင့်ချိန် ၈ နာရီ အသုံးခံမှာဖြစ်ပြီး Windo 8 , 64 bit ကိုထည့်သွင်း အသုံးပြုနိုင်မှာဖြစ်သလို မျက်နှာပြင်ကိုလည်း ထိတွေ့ပွတ်တိုက် အသုံးပြုနိုင်မှာဖြစ်တာကြောင့် ကွန်ပျူတာကို အဆင့်မြင့်ရုပ်သံဖန်တီးမှုတွေကို မပြုလုပ်ပဲ ကိုယ်ရေးကိုယ်တာ သုံး၊ ရုံးလုပ်ငန်းဆိုင်ရာသုံး အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ အထူးသင့်တော်တဲ့ ကွန်ပျူတာလပ်တော့ တစ်ခုအဖြစ် မိတ်ဆက်တင်ပြပေးလိုက်ရပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၆၀၀ ၀န်းကျင်တန်ဖိုးရှိမှာဖြစ်ပြီး မြန်မာပြည်အတွင်းက နီးစပ်ရာကွန်ပျူတာအရောင်း ဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

 

adv_banner