ဂျပန်သိပ္ပံပညာရှင်တစ်ဦးက သူတီထွင်ထုတ်လုပ်ထားတဲ့ ဟာသစက်ရုပ် EMIEW 2 မိတ်ဆက်ပြသ

ဂျပန်သိပ္ပံပညာရှင်တစ်ဦးက သူ တီထွင်ထုတ်လုပ်ထားတဲ့ ဟာသစက်ရုပ်ရဲ့ စွမ်းဆောင်ရည်တွေကို မိတ်ဆက်ပြသလိုက်တဲ့အကြောင်းကို နိုင်ငံတကာသတင်းတစ်ပုဒ်မှာ အခုလို တွေ့မြင်ကြရဦးမှာဖြစ်ပါတယ်။

ဂျပန်သိပ္ပံပညာရှင်တွေဟာ မကြာသေးမီကမှ တီထွင်ထာပီး EMIEW 2 လို့ အမည်ပေးထားတဲ့ ဟာသစက်ရုပ်ကို ကြာသပတေးနေ့ က တိုကျိုမြို့ မှာသရုပ်ပြမိတ်ဆက် ခဲ့ပါတယ်။ ၈၀ စင်တီမီတာအမြင့်ရှိတဲ့ ဒီစက်ရုပ်ဟာ သင်ကြားပေးစရာမလိုပဲ လူတွေနဲ့ အပြန်အလှန် စကားပြောနိုင်တဲ့စက်ရုပ်လည်း ဖြစ်ပါတယ်။

သုတေသနပညာရှင် ယိုရှီတာကာ ကကျနော်တို့ ရဲ့ ဒီစက်ရုပ်ဟာ အင်တာနက်တပ်ဆင်ပေးထားတာလည်း ဖြစ်လို့ သတင်းအချက်အလက်တွေကို ရယူနိုင်ယုံသာမက လူတွေမဖြေရှင်းနိုင်တဲ့အချို့ ပြသနာတွေ ကိုတောင်ဖြေရှင်း ပေးနိုင်တဲ့အထိစွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။

ဂျပန်နိုင်ငံဟာ စက်ရုပ်တီထွင်မှုနည်းပညာမှာ ကမ္ဘာ့ထိပ်တန်းကရပ်တည်နေတဲ့ နိုင်ငံဖြစ်ပြီးနယ်ပယ် ကဏ္ဍပေါင်းစုံ အတွက် စက်ရုံပေါင်းများစွာကို တီထွင်ထုတ်လုပ်ခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်

adv_banner
adv_banner