ဂျပန်နိုင်ငံကနေ ALOS-2 ဂြိုဟ်တုလွှတ်တင်

ဂျပန်နိုင်ငံကနေ အဆင့်မြင့်မြေပြင် လေ့လာရေး ဂြိုဟ်တု ALOS-2 လို့အမည်ပေးထားတဲ့ ဂြိုဟ်တုကိုပြီးခဲ့တဲ့ ရက်ပိုင်းတွေကလွှတ်တင်လိုက်တဲ့ အကြောင်းကို နိုင်ငံတကာသတင်းတစ်ပုဒ်မှာ အခုလို တွေ့မြင်ကြရမှာပါ။

သဘာဝဘေးအန္တရယ်ဆိုင်ရာ လုပ်ငန်းများကိုစောင့်ကြည့်လေ့လာနိုင်ရေးအတွက် ဂျပန်နိုင်ငံဟာ အဆင့်မြင့်မြေပြင်လေ့လာရေးဂြိုဟ်တု ALOS-2 လို့အမည်ပေးထားတဲ့ ဂြိုဟ်တုကို နိုင်ငံတောင်ပိုင်း တာနီဂါရှီးမား အာကာသစခန်းကနေ ပီးခဲ့တဲ့ရက်ပိုင်းက လွှတ်တင်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်အများဆုံးခဲ့စားရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ရှိတဲ့ ပစိဖိတ်မီးကွင်းလို့ခေါ်တဲ့ ငလျင်ကြောနဲ့ ဆက်စပ်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။

အခုဆိုရင် ဂျပန်အစိုးရက လွှတ်တင်နိုင်ခဲ့တဲ့ လေ့လာရေးဂြိုဟ်တုဟာ ကမ္ဘာပတ်လမ်းကြောင်း ထဲကို အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ အာကာသဆိုင်ရာလေ့လာရေး အစီအစဉ်တွေကို ၁၉၅၀ ခုနှစ်လောက်မှာစတင်ခဲ့တာလည်းဖြစ်ပါတယ်။

adv_banner
adv_banner