UNHCR ရဲ့ မြန်မာပြည်ဆိုင်ရာ အင်တာနက် ၀က်ဘ်ဆိုက်လိပ်စာ အကြောင်း

နိုင်ငံတကာ ၀က်ဘ်ဆိုက် အင်တာနက်လိပ်စာ တစ်ခုကတော့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ မြန်မာပြည်ဆိုင်ရာ အင်တာနက် ၀က်ဘ်ဆိုက်လိပ်စာ အကြောင်းကို ရှု့စားကြရမှာဖြစ်ပါတယ်။

ပြည်တွင်းစစ်တွေဖြစ်ပွားပြီး အတိဒုက္ခရောက်နေတဲ့ နိုင်ငံတွေမှာရှိတဲ့ ပြည်သူတွေကို ကြည့်ရှု စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကတော့ www.unhcr.org ပဲဖြစ်ပါတယ်။

UNHCR ကို 1950 ဒီဇင်ဘာ 14 ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပီးတော့ ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာ မှာရုံးစိုက်ပါတယ်။

နိုင်ငံတွင်းတိုက်ပွဲဖြစ်ပွာနေတဲ့ ဒေသတစ်ချို့မှာရှိတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

adv_banner