LG G FLEX မိုဘိုင်းဖုန်းအကြောင်း

ကိုရီးယားနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ကနေ ထုတ်လုပ်ထားတဲ့ LG G FLEX မိုဘိုင်းဖုန်းနဲ့ မိတ်ဆက် ပေးသွားမှာဖြစ်ပါတယ်။ Android OS စနစ်သုံးဖုန်းအမျိုးအစားဖြစ်ပီးတော့ စခရင် မျက်နှာပြင် အရွယ်အစား 6 လက်မရှိတဲ့ ဖုန်းအမျိုးအစားအဖြစ်သလို GSM ဖုန်းအတွက်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ထူးခြားတဲ့စွမ်းဆောင်ရည်အနေနဲ့ကတော့ ကွေးနိုင်ဆန့်နိုင်တဲ့ ပလတ်စတစ် စခရင်ကိုအသုံးပြုထားခြင်းဖြစ်ပြီး စကရင်ကွဲတာ မျိုးမဖြစ်အောင် အလေးအချိန် 32 ကီလိုဂရမ်ထိ ဖိအားကိုခံနိုင်အောင် ပြုလုပ်ထားပါတယ်။ ဖုန်းအတွင်းမှတ်ဥာဏ်လို့ခေါ်တဲ့ Memory 2 GB ကနေ 32GB အထိတိုးမြှင့်အသုံးပြုနိုင်ပေမယ့် micro slot ပါဝင်ခြင်းမရှိပါဘူး။

ကင်မရာအရည်အသွေး 13MP ရှိပီး ဘက်ထရီအနေနဲ့ကတော့ 3500 mAh ဘက်ထရီကို ထည့်သွင်းအသုံးပြုထားပါတယ်။ မျက်နှာပြင်အရွယ်အစားကြီးတာကြောင့် ဂိမ်းကစားလိုသူတွေနဲ့ အွန်လိုင်းအသုံးပြုသူတွေအတွက် သင့်တော်သလို အခြားသောနည်းပညာအသစ်အဆန်းတွေ ပါဝင်လို့ နည်းပညာမြင့်ဖုန်းကို ကိုင်လိုသူတွေအတွက် အထူးသင့်တော်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

adv_banner
adv_banner