Samsung ATIV Book 9 2014 Edition ကွန်ပျူတာ လပ်တော့ အကြောင်း

ဆက်လက်ပြီး မြန်မာပြည်သူတွေအတွက် စွမ်းဆောင်ရည် မြင့်မားတဲ့ ကွန်ပျူတာ လက်တော့အမျိုးအစားတွေထဲက Samsung ကုမ္ပဏီထုတ် Samsung ATIV Book 9 2014 Edition ကွန်ပျူတာ လပ်တော့ အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ် ၁၅.၆ လက်မရှိတဲ့ ဒီကွန်ပျူတာလပ်တော့ရဲ့ Processor ကတော့ 1.8 GHz Intel Core i7-4500U ထည့်သွင်းထားတာပါ။ RAM ကတော့ 8 GB DDR3L SDRAM   တပ်ဆင်ထားပြီး Hard Drive ရဲ့ ၀င်ဆန့်နိုင်မှုပမာဏကတော့ 256 GB ရှိတာပါ။

ပုံရိပ်အရည်အသွေးအတွက် ဂရက်ဖစ်ကိုတော့ Intel HD Graphics 4400 ပါဝင်ပြီး မျက်နှာပြင်ပုံရိပ်ကျစ်လစ်မှုကတော့ 1920 x 1080 pixels နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

2.0 USB တစ်ခုနဲ့ 3.0 USB နှစ်ခုနဲ့အတူ HDMI ကြိုးပါ တပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 3.9 ပေါင် အလေးရှိတဲ့ ဒီကွန်ပျူတာလပ်တော့မှာ တပ်ဆင်ထားတဲ့ ဘတ်ထရီကတော့ 8.8 နာရီကြာ အသုံးခံနိုင်မှာပါ။

ဈေးနှုန်းကတော့ နိုင်ငံတကာပေါက်ဈေးတွေအရ အမေရိကန်ဒေါ်လာ 1900 ၀န်းကျင်ရှိပြီး အဆင့်မြင့် ရုပ်သံတွေ၊ ဂရက်ဖစ်အထူးပြုလုပ်ချက်တွေကို ပြုလုပ်နိုင်မယ့် ကွန်ပျူတာ လပ်တော့အဖြစ် တင်ဆက်ပေးလိုက်ပါတယ်။

adv_banner