How to train your dragon (2) ရုပ်ရှင်ကားအကြောင်း

ဒီသီတင်းပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ မကြခင်မှာ ရုံတင်ပြသတော့မယ့် ဒီတစ်ပတ်ရဲ့ ရုပ်ရှင် လမ်းညွှန်အစီအစဉ်မှာတော့ ကာတွန်းရုပ်ရှင်ဇာတ်လမ်းဖြစ်တဲ့ How to train your dragon (2) ရုပ်ရှင်ကားကို တင်ဆက်လိုက်ပါတယ်။

အဲဒီရုပ်ရှင်ကားဟာ အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ ဇွန်လ (၁၃) ရက်နေ့က စတင် ပြသမှာဖြစ်ပါတယ်။ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့How to train your dragon ရုပ်ရှင်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ဇာတ်ကောင် ဟီကတ်(Hiccup) နဲ့ တူ့လက်စ် (Toothless) တို့က ဘက်(Berk)ကျွန်းဆွယ်ပေါ်မှာ နဂါးတွေကို(၅)နှစ်ကြာလေ့ကျင့်ပေးကြပါတယ်။

ကျွန်းဆွယ်ပေါ်ရှိ တခြား အဖွဲ့အစည်းတွေက နဂါးပြိုင်ပွဲတွေ ယှဉ်ပြိုင်ကြပေမယ့် သူတို့၂ ဦးဟာတော့ မြေပုံမှာမဖော်ပြထားတဲ့ နယ်မြေတွေဆီကို ခရီးထွက်ခဲ့ကြပြီး ကမ္ဘာအသစ်ကို တွေ့ရှိခဲ့ပါတယ်။ သူတို့စွန့်စားမှုတွေကြောင့် နဂါးအရိုင်းရာပေါင်းများစွာနေထိုင်တဲ့ လျို့ဝှုက်တဲ့ ရေခဲဂူတစ်ခုကိုတွေ့ရှိခဲ့ပြီး အရမ်းအံ့သြစရာကောင်းလောက်အောင်တော်တဲ့ နဂါးစီးသမားကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ ဟီကတ်နဲ့ တူ့လက်စ်တို့က သူတို့ ယုံကြည်တဲ့အရာအတွက် ခိုင်ခိုင်မာမာရပ်တည်ဖို့ လိုလာပြီး သူတို့နှစ်ဦးပေါင်းတဲ့ စွမ်းအားနဲ့ လူတွေနဲ့ နဂါးတွေရဲ့ အနာဂတ်ကို ပြောင်းလဲဖို့ကြိုးစားတဲ့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ ဒင်း ဒီဘောလစ်စ်(Dean DeBlois)က ရိုက်ကူးထားတာဖြစ်ပြီး အမျိုးသားသရုပ်ဆောင် ဂျေး ဘရူရှယ်(Jay Baruchel)နဲ့ အမျိုးသမီးသရုပ်ဆောင် ခရစ်စတင်း ၀စ်(Kristen Wiig) တို့က အသံနဲ့ သရုပ်ဆောင်ပေးထားပါတယ်။

adv_banner