အာဂျင်တီးနားမှာ လွန်ခဲ့တဲ့နှစ်ပေါင်း 95 သန်းခန့်က ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေ့

အာဂျင်တီးနား ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း 95 သန်းခန့်က ကမ္ဘာမြေပေါ်မှာ နေထိုင်ခဲ့တဲ့ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းတွေကို နိုင်ငံရဲ့ ပါတာဂိုးနီးယား (Patagonia) ဒေသမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ဒါဟာ ဒိုင်နိုဆောမျိုးစိတ်တစ်မျိုးဖြစ်တယ်လို့လည်း ပညာရှင်တွေကမှတ်ချက်ပြုခဲ့ကြပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ဂျို့စ်လူးဝစ်က ဒီသတ္တ ၀ါရဲ့အလေးချိန်ဟာ အာဖရိကဆင်14ကောင်ရဲ့အလေးချိန်နဲ့တူညီတယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် သူ့ရဲ့အရှည်ဟာ ခေါင်းကနေအမြီးအထိ မီတာ 40 လောက်အထိရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီရုပ်ကြွင်းကို အာဂျင်တီးနားနိုင်ငံတောင်ပိုင်း မြို့တစ်မြို့ဖြစ်တဲ့ Trelew ရဲ့ပြတိုက်မှာ လူတိုင်းလာရောက်ကြည့်ရှု နိုင်ဖို့ ပြသထားတယ်လို့လည်းသိရပါတယ်။

adv_banner