MacBook Air MD 760 LL/B 13.3-Inch အကြောင်း

အရည်အသွေးမြင့် ရုပ်သံဖန်တီးမှုတွေကို မပြုလုပ်ပဲ ပါစင်နယ်ကွန်ပျူတာအနေနဲ့ပဲ ရုပ်ရှင်ကြည့်တာ၊ ရုပ်လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့အတူ လျှပ်စစ်မီးမရှိပဲ အချိန်အတော်ကြာအောင် ကွန်ပျူတာကို အသုံးပြုလိုတဲ့သူတွေအတွက် Apple ကုမ္ပဏီထုတ် MacBook Air ကွန်ပျူတာလပ်တော့အကြောင်းကို တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။

ဒီကွန်ပျူတာကတော့ Apple ကုမ္ပဏီကနေ မကြာသေးခင်ကမှ အသစ် ထုတ်လုပ်ထား မျက်နှာပြင် 13.3 လက်မ အကျယ်ရှိတဲ့ MacBook Air MD 760 LL/B ပဲဖြစ်ပါတယ်။ ဒီ လက်ပ်တော့မှာဆိုရင်တော့ Processor က 1.4 GHz Intel Core i5 ရှိကာ RAM ကတော့ 4 ဂစ်ဂါဗိုက် ရှိမှာဖြစ်ပါတယ်။ ပုံရိပ်ဂရက်ဖစ်စွမ်းအားကတော့ Intel HD Graphics 5000 ပါဝင်တာမို့ ရှင်းလင်းတိကျပျက်သားတဲ့ ပုံရိပ်တွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။

အလေးချိန် ၃ ပေါင်ရှိတဲ့ MacBook Air ရဲ့ ဘတ်ထရီခံနိုင်ရည်ကတော့ ၁၂ နာရီ တာရှည်ခံမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတန်ဘိုးကတော့ အမေရိကန်ဒေါ်လာ တစ်ထောင်ဝန်းကျင် တန်ဘိုးရှိတဲ့ လက်တော့ အမျိုးအစားဖြစ်ပါတယ်။

adv_banner
adv_banner