?bph6

Place your ads here!

ကမ္ဘာကျော်မင်းသား တွမ်ခရုခ် အဓိက သရုပ်ဆောင်ထားတဲ့ Edge of Tomorrow ဇာတ်ကား

ဒီသီတင်းပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ မကြခင်မှာ ရုံတင်ပြသတော့မယ့် ကမ္ဘာကျော်မင်းသား တွမ်ခရုခ် အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Edge of Tomorrow ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားဟာ ကမ္ဘာကို ဂြိုဟ်သားတွေက ကျုးကျော်ခဲ့ပေမယ့် ကမ္ဘာရဲ့စစ်တပ်က ဂြိုဟ်သားတွေကို အနိုင်ရရှိအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းကို အခြေပြုပြီး တည်ဆောက်ထားတာပါ။

အဲဒီမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ တွမ်ခရုခ်က အရင်ခေတ်က စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ဂြိုဟ်သားတွေကျုးကျော်လာတဲ့အခါမှာ အရေးပေါ်စစ်တာဝန်ကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ တွမ်ခရုခ်က အချိန်စက်ဝိုင်းထဲမှာ မတော်တဆ ပိတ်မိသွားပြီး သူ့ကို ဂြိုဟ်သားတွေက သတ်မိလိုက်တိုင်း စစ်ပွဲဖြစ်တဲ့နေရာကို ပြန်လည်ရောက်ရှိလာကာ ဂြိုဟ်သားတွေကို ဘယ်လိုတိုက်ခိုင်ရမလဲဆိုတာ ရှာဖွေတွေ့ရှိသွားပြီး အထူးတပ်ဖွဲ့တစ်ခုဖွဲ့ကာ ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် လူသားတွေအနိုင်ရခဲ့သာဖြစ်ပါတယ်။

Edge of Tomorrow ကားက လူသားတွေနဲ့ ဂြိုဟ်သားတွေ တိုက်ခိုက်တဲ့ စစ်ပွဲကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ဆောင်မင်းသားက သူရဲ့နောက်ဆုံးတိုက်ပွဲမှာ အဲဒီ ရုပ်ရှင်ကားကို 3D နဲ့ရော 2 Dနဲ့ပါ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဒါရိုက်တာ ဒေါင် လီမန်း(Doug Liman )၊ အမျိုးသား သရုပ်ဆောင် တွမ်ခရု(Tom Cruise)၊ နော့ခ် တေလာ(Noah Taylor) အမျိုးသမီးသရုပ်ဆောင် အက်မလီ ဘလန့်(Emily Blunt) တို့က သရုပ်ဆောင်ထားပါတယ်။

ဂျပန် ၀တ္တုဖြစ်တဲ့ All you need is kill ဆိုတဲ့ ၀တ္တုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အဲဒီဝတ္တုရဲ့ မူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ(၃)သန်းနဲ့ဝယ်ယူခဲ့တာပါ။ (၂၀၁၀)ခုနှစ် နှစ်ကုန်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၇၅)သန်း ကုန်ကျခံကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

adv_banner