ခြိမ်းခြောက်ခံထားရတဲ့ ဂူအမ်ကျွန်းအခြေအနေ၊ အမေရိကန် နျူကလီးယား ကာကွယ်ရေးစနစ်အခြေအနေ

မင်္ဂလာပါ။ MCN သတင်းဌာနက တင်ဆက်ပေးနေတဲ့ Streamiz Show အစီအစဉ်က ကြိုဆိုပါတယ်။ ဒီကနေ့ Streamiz Show အစီအစဉ်မှာတော့ အမေရိကန်နဲ့ မြောက်ကိုရီးယား တင်းမာမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေအကြား အမေရိကန်ကို ကူညီရေး၊ မကူညီရေး၊ ထောက်ခံသူနဲ့၊ မထောက်ခံသူတွေ ကွဲပြားလာနေပါတယ်။ တင်းမာမှုရဲ့ အကျိုးဆက်အဖြစ် ကမ္ဘာတလွှား စတော့ရှယ်ယာ ဈေးကွက်တွေလည်း ကမောက်ကမ ဖြစ်နေပါတယ်။

ဒီအခြေအနေတွေ အပြင် ဒုံးကျည်နဲ့ ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခံထားရတဲ့ ဂူအမ်ကျွန်းအခြေအနေ၊ အမေရိကန် နျူကလီးယား ကာကွယ်ရေးစနစ် စိတ်ချရပါ့မလား ဆိုတာတွေနဲ့ ပတ်သက်ပြီး MCN ရုပ်သံသတင်းဌာနရဲ့ နိုင်ငံတကာရေးရာ အယ်ဒီတာ ကိုသင်ကာကို ဆက်သွယ်မေးမြန်း တင်ဆက်ပေးထားပါတယ်။

adv_banner