?bph6

Place your ads here!

MCN SPECIAL COVERAGE (MYANMAR BY-ELECTIONS) 2017 JAN 14

MCN ရုပ်သံသတင်းဌာနက စီစဉ်တင်ဆက်ပေးနေတဲ့ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီအစီအစဉ်မှာဆိုရင်တော့ တစ်ပတ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းပတ်မှာ ရှု့စား ကြရမယ့် ကြားဖြတ်ရွးကောက်ပွဲဆိုင်ရာ သတင်းတွေမှာဆိုရင်တော့ –

၁။ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ဇန်နဝါရီ ၃၀ ကနေ မတ် ၃၀ အထိ ကော်မရှင်က ခွင့်ပြုလိုက်တဲ့ သတင်း

၂။ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားနယ်မြေတွေကို ဦးစားပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က တိုက်တွန်းလိုက်တဲ့ အကြောင်း

၃။ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆန္ဒနယ် ၅ ခုမှာ မသန်စွမ်းတွေအတွက် စံပြမဲရုံတွေ ထားရှိပေးမယ့်သတင်း

စတဲ့ သတင်းတွေနဲ့အတူ တခြား ထူးခြားတဲ့ ပြည်တွင်း/ပြည်ပက ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာ သတင်ေးတွကိုလည်း စုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

MCN ရုပ်သံသတင်းဌာနအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အထူးအစီအစဉ်တွေကို ဇန်န၀ါရီလကနေ ဖေဖော်ဝါရီလအထိ အပတ်စဉ် အစီအစဉ်တွေအဖြစ် စနေနေ့တိုင်း တင်ဆက်ပေးသွားဖို့ရှိနေပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ၁ လ အလို မတ်လကစတင်ပြီး နေစဉ် ရုပ်သံ အစီအစဉ်တွေအဖြစ် တင်ဆက်ပေးသွားဖို့ရှိနေတာဖြစ်ပါတယ်။ MCN ရုပ်သံ သတင်းဌာနရဲ့ ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေကို ရှု့စားအားပေးခဲ့ကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

adv_banner