အိုင်တီလောကဖွံ့ဖြိုးတိုးတက်လာစေရန် လေးကြိမ်မြောက် ICT ပြပွဲကျင်းပ

မြန်မာနိုင်ငံရဲ့အိုင်တီလောက ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် နိုင်ငံတကာနည်းပညာ ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီးနည်းပညာ ပြပွဲတွေကျင်းပလာခဲ့ကြရာ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ International Myanmar ICT Exhibition 2014 ကိုတော့ ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ နိုဝင်ဘာလ(၇)ရက်နေ့ကနေ နိုဝင်ဘာလ (၉)ရက်နေ့ ထိကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့ဒီပြပွဲက International Myanmar ICT Exhibition 2014 လို့နာမည်ပေးထားပါတယ်။ ကျင်းပ လာတာ လေးကြိမ်မြောက်ပေါ့နော်။ မြန်မာနိုင်ငံမှာ တစ်ခြားသော ကွန်ပြူတာပွဲတွေလည်းလုပ်ဖူးတယ်။ ဒါပေ မယ့် ဒီပွဲကတော့ International ပွဲလို့နာမည်ပေးထားတဲ့အတိုင်းပဲ တစ်နှစ်ကို တစ်ကြိမ်ဘဲ ကျင်းပတဲ့ပွဲဖြစ်ပါ တယ်”လို့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းကပြောပါတယ်။

ပြပွဲမှာတော့ ဂျပန်နိုင်ငံထုတ် ကွန်ပျူတာပစ္စည်းတွေအပါအ၀င် ဆက်သွယ်ရေးနဲ့ ရုပ်သံထုတ်လွှင့်မှုပိုင်းဆိုင်ရာ နည်းပညာပစ္စည်းတွေကို ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီ့ပြပွဲမှာ ပြခန်းပေါင်း(၉၅)ခန်းနဲ့ ကုမ္ပဏီပေါင်း(၃၁)ခုက နည်းပညာသုံး အီလက်ထရောနစ်ပစ္စည်းတွေကို ပြသခဲ့ကြပါတယ်။

“ရောင်းတယ်ဆိုတာက နည်းပညာသစ်တွေ လာရောက်ပြသတဲ့ပွဲဖြစ်တယ်။ ပြသတဲ့ကုမ္ပဏီတွေကလည်း ဒီနှစ်ဆိုရင် ဂျပန်ရဲ့ Fujitsu Hitachiတို့လို နာမည်ကြီးကုမ္ပဏီတွေ နောက်ထိုင်ဝမ်မှာဆိုရင်လည်း နာမည်ကြီး
တွေဖြစ်တဲ့ Acer View Sonic တို့လာပြီးပြသတယ်။   Microsoft ၊ Sisco ၊ Hp၊ Dellတို့လို ကုမ္ပဏီအကြီးတွေ
လည်းပြသတာဖြစ်လို့ ဒီလိုပွဲတွေက လိုအပ်ပါတယ်”လို့ ၎င်းကပြောပါတယ်။

နိုင်ငံတကာရဲ့ နည်းပညာအသစ်အဆန်းတွေကို မြန်မာနိုင်ငံကပြည်သူတွေ လက်လှမ်းမီလာစေဖို့အတွက် အခုလိုပြပွဲတွေ အများအပြားလိုအပ်နေပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းနဲ့အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက်နိုင်ငံတကာရဲ့ အိုင်တီနည်းပညာကဏ္ဍကို တစ်နေရာတည်းမှာ လေ့လာနိုင်စေဖို့နဲ့ နိုင်ငံတော်မှ ချမှတ်ပေးထားတဲ့ ဈေးကွက်စီးပွားရေးစနစ်ကို တစ်စိတ်တစ်ဒေသ အထောက်အကူဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး အဆိုပါပြပွဲကို ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

adv_banner
adv_banner