ရှေးဟောင်းသုတေသနပညာ သင် တန်းကျောင်းက  ၉ နှစ်အတွင်း သင်တန်းသား ၂၀၀ ကျော်ကိုမွေးထုတ်

0
13

https://www.youtube.com/watch?v=CV2KrkRz4ew

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၊ မှော်ဇာကျေးရွာအုပ်စုတွင် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ကို ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှစတင် ဖွင့်လှစ်ထားခဲ့ရာ ယခုဆိုရင် (၉)နှစ်နီးပါးရှိပြီဖြစ်ပြီး ကျောင်းသား၊ ကျောင်း သူ (၂၀၀)ကို သင်ကြားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲ့ဒီကျောင်းဆင်းပြီးတဲ့ အယောက်(၂၀၀)ထဲက တော်တော်များများသည် ရှေးဟောင်းသုတေသနနဲ့ ပတ်သက် တဲ့ ဌာနတွေမှာ အလုပ်လုပ်ကိုင်နေကြပါတယ်။

“ဒီဘွဲ့လွန်ဒီပလိုမာသင်တန်းကို သတ်သတ်မှတ်မှတ်နဲ့ ယဉ်ကျေးမှုတက္ကသိုလ်နဲ့ ပူးပေါင်းပြီးတော့ ယဉ် ကျေးမှုဦးစီးဌာန ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်ဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ဖွင့်တာပေါ့။ အဲ့ဒီ သင်တန်းကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကလည်း ပျူမြို့ဟောင်းတွေနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ၊ တူးဖော်မှုလုပ်ငန်းတွေ၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းတဲ့ လုပ်ငန်း တွေမှာလည်း ပါဝင်လုပ်ဆောင်နေကြသူတွေဖြစ်ပါတယ်”လို့ ရှေးဟောင်းသုတေသန နည်းပညာသင်တန်း ကျောင်းမှ ကျောင်းအုပ် ဦးဝင်းကြိုင်က ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူများကလည်း စာတွေ့တင်မကဘဲ ကွင်းဆင်းတူးဖော်မှု ကွင်းဆင်းလေ့လာမှတ်တမ်း တင်မှု၊ ရှေးဟောင်းနေရာ ဒေသတွေကို လက်တွေ့သွားရောက်လေ့လာခြင်း အဆောက်အအုံနဲ့ ရှေးဟောင်း ဝထ္တုပစ္စည်းတွေကို လက်တွေ့ကျကျ ထိန်းသိမ်းတဲ့ စနစ်တွေကို လက်တွေ့ သင်ကြားရတာဖြစ်ပါတယ်။

နိုဝင်ဘာလမှာ ကျောင်းဖွင့်လက်ခံပြီး ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်းကို မည်သည့် ဘွဲ့မဆိုရရှိထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်နိုင်ပြီး တက်ရောက်ရမယ့် အချိန်ကာလက (၁)နှစ်ဖြစ်၍ ရှေးဟောင်းသုတေသန ပညာဘွဲ့လွန်ဒီပလိုမာ(Post Graduate Diploma in Archaeology) ကိုရရှိမှာဖြစ်ပါတယ်။

အပတ်စဉ်တစ်ခုကို ကျောင်းသား၊ ကျောင်းသူ(၃၂)ယောက်သာလက်ခံပြီး နေထိုင်ဖို့ အဆောင်ကို ကျောင်းက စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here