တောင်ကိုရီးယား အနုပညာရှင်တစ်ဦး ပုံဖော်ထားတဲ့ Installion Art အနုပညာပြပွဲ

တောင်ကိုရီးယားနိုင်ငံသူ အနုပညာရှင်တစ်ဦးဟာ မြန်မာနိုင်ငံမှာ သုံးလနီးပါးနေထိုင်ခဲ့တဲ့အချိန်တွေမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ပုံဖော်ထားတဲ့ Installion Art အနုပညာပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီပြပွဲကို ရန်ကုန်မြို့ New Zero Art Space ပန်းချီပြခန်းမှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတွေရဲ့ အနုပညာရှင်ချင်း ဖလှယ်ပြီး လေ့လာတဲ့အစီအစဉ်အရ အနုပညာရှင် ဂျောင်းဟိုဂျောင်း(Jeong Hojeong)က ပြသခဲ့တာပါ။

“ကျွန်မ အနုပညာတစ်ခုကို ဖန်တီးမယ်လို့ စဉ်းစားတဲ့အချိန်မှာ ကျွန်မရဲ့တွေ့ကြုံ၊ ခံစားခဲ့ရတာတွေကို ကိုယ်စားပြုတဲ့ အနုပညာတစ်ခုကို ဖန်တီးချင်တယ်။ အရင်တုန်းက အမှတ်တရတွေကို လူတွေက ပြန်လည် တွေးတဲ့အခါမှာ အမှတ်တရတွေက ဘယ်တော့မှ မဟောင်းသွားပါဘူး။ အဲ့ဒါကြောင့် ဒီအတွေ့အကြုံတွေကို ခံစားပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်”လို့ Jeong Hojeong ကပြောပါတယ်

အနုပညာပြပွဲမှာ Installion Art နဲ့ ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေကို တွေ့ရှိရမှာဖြစ်ပြီးတော့ အဲ့ဒီအနု ပညာပြပွဲကို စက်တင်ဘာလ(၆)ရက်နေ့ကနေ (၁၀)ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

“ကိုရီးယားနိုင်ငံ ကွမ်ကျူးမြို့နယ်ပေါ့။ ဒီ Asia Spring Network ရဲ့ Program အရ ဒီNew Zero Art က   လူငယ်အနုပညာရှင်တစ်ယောက် ဟိုဘက်က ကိုးရီးယားနိုင်ငံက အနုပညာရှင်တစ်ယောက် Exchange ဖလှယ်လုပ်တဲ့ပွဲ လုပ်ဖြစ်တယ်။ ဒီ New Zero Art Space ကနေပြီးတော့ ကိုလတ်ဆိုတဲ့ အနုပညာရှင်က ကွမ်ကျူးမြို့မီတေးအူဂရိုးဆိုတဲ့Art Space မှာသုံးလသွားနေတယ်။ မီတေးအူဂရိုးက လူငယ်အနုပညာရှင် ဟိုဂျောင်ကနေ ဒီNew Zero Art Space မှာသုံးလနေတယ်။ သူမြန်မာနိုင်ငံမှာနေခဲ့တဲ့ အတွေ့အကြုံတွေကို သူရဲ့အနုပညာ Expression နဲ့ဖော်ထုတ် ဖန်တီးထားတာပါ”လို့ New Zero Art Space မှ Coordinator မရတနာဝင်းက ပြောပါတယ်။

တောင်ကိုရီးယားနိုင်ငံသူ Jeong Hojeong ဟာ စက်တင်ဘာလ(၁၂) ရက်နေ့မှာ မြန်မာနိုင်ငံကနေ တောင် ကိုရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအနုပညာရှင်က တော့ မြန်မာနိုင်ငံကို စက်တင်ဘာလ(၂၃)ရက်နေ့မှာ ပြန်ရောက်လာမှာဖြစ်ပါတယ်။

adv_banner
adv_banner
adv_banner adv_banner