အ သုံးလုံး စာတတ်မြောက်ရေးလှုပ်ရှားမှု နှစ်ငါးဆယ်ပြည့်အခမ်းအနားကျင်းပ

 

 

မြန်မာနိုင်ငံအသုံးလုံး ­စာတတ်မြောက်ရေးလှုပ်ရှားမှု နှစ်ငါးဆယ်ပြည့် စိန်ရတုသဘင် အခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝိဇ္ဇာခန်းမမှာ စက်တင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှုဟာ ၁၉၆၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်ထိ အနှစ်ငါးဆယ်ပြည့်ခဲ့ပြီး သက်ငယ်ပညာတတ်မြောက်ရေးအပြင် သက်ကြီးပညာတတ်မြောက်ရေးကိုပါ ဆောင်ရွက်လျက်ရှိနေ တာဖြစ်ပါတယ်။

စာတတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းတစ်လျှောက် နိုင်ငံတော်၏ ဘက်ဂျက်ကုန်ကျခြင်းမရှိဘဲ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့စေတနာနဲ့ပညာလုပ်အားပေးမှုဟာ ထူးခြားမှုဖြစ်ခဲ့ပါတယ်။

“ဆရာတို့ဘယ်လောက်ထိ ရည်မှန်းထားလည်းဆိုရင် ၂၁ ရာစု ပညာခေတ်မှာ လူတိုင်းဟာမိုဘိုင်းဖုန်း ကိုင်နိုင်တယ်။ အဲ့ဒီမိုဘိုင်းဖုန်းနဲ့ပဲ အသုံးလုံးသင်ပေးမယ်။ စာတတ်အောင်သင်ပေးမယ်။ နောက်ဒီအင် တာနက် အီးမေးလ် အင်္ဂလိပ်စာတွေ တိုးတက်ဖွံဖြိုးအောင် သင်ပေးမယ်လို့ရည်မှန်းထားပါတယ်”လို့ စာရေးဆရာအောင်ကြည်ညွန့် ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ ၂၄ နှစ်တာကာလအတွင်း ရပ်ဝေးစေတနာရှင်လုပ် အားပေးပေါင်း ခြောက်သောင်းကိုးထောင်ကျော်၊ ဒေသခံစေတနာလုပ်အားပေး သုံးသိန်းခုနှစ်သောင်း ကျော် စုစုပေါင်းလေးသိန်းကိုးသောင်းကျော်တို့က စာသင်ကြားပေးမှုကြောင့် လက်ရှိစာမတတ်သူပေါင်း နှစ်သန်းလေးသိန်းကျော် စာတတ်မြောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စာမတတ်မြောက်သေးတဲ့သူတွေကို စာတတ်မြောက်အောင် သင်ကြားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုအနေနဲ့ ဆောင်ရွက်တာလည်းဖြစ်ပါတယ်။

adv_banner
adv_banner