?bph6

Place your ads here!

မြန်မာဘော်လုံးအသင်း ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားနှင့်အတူ ပြန်လည်ရောက်ရှိ

ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲမှာ အိမ်ရှင်ဖိလစ်ပိုင် အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ မြန်မာအသင်းဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အဆင့်ရဲ့ ရှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ဆုဖလားနဲ့အတူ စက်တင်ဘာလ ၈ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါ

တယ်။

အနိုင်ရအားကစားသမားတွေရဲ့ အိမ်အပြန်ခရီးမှာတော့ လမ်းတစ်လျှောက်မှာရှိတဲ့ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသလို အားကစားဝန်ကြီးဌာနအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်အချို့က ဂုဏ်ပြု ဆုငွေ ကျပ်သိန်း ၁၂၄၀ ကိုလည်းချီးမြှင့်ခဲ့ပါတယ်။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်မှာ ကျော်ကိုကိုက အဝေးကန်ဘောနဲ့ သွင်းယူ ပေးခဲ့သလို ဖိလစ်ပိုင်အသင်းကို ပြန်လည်ချေပခဲ့တဲ့ ဂိုးကိုတော့ ကျော်ဇေယျာဝင်း အစားဝင်လာတဲ့ မင်းမင်းသူ က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အသင်းကို အနိုင်ရခဲ့တဲ့ ဒီပွဲစဉ်မှာတော့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး အနိုင်ဂိုးကိုတော့ အချိန်ပိုကစားချိန်မှာ စိုးမိုးဦးက သွင်းယူပေးခဲ့တာပါ။

ဖိလစ်ပိုင်၊ မြန်မာ၊ ပါလက်စတိုင်း ၊တိုင်ပေ(တရုတ်)စတဲ့ ပြိုင်ပွဲဝင် အသင်းလေးသင်းသာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့တဲ့ ဒီပွဲကိုပြီးခဲ့တဲ့ နှစ်ကြိမ်ဆက်တိုက်မှာ အိမ်ရှင်ဖိလစ်ပိုင်အသင်းက ဗိုလ်စွဲခဲ့ပြီး ယခုနှစ်ပြိုင်ပွဲဟာ မြန်မာအသင်းရဲ့ ပထမဆုံးပါဝင်ယှဉ်ပြိုင်ပြီး ဗိုလ်စွဲခဲ့တဲ့တာဖြစ်ပါတယ်။

adv_banner