အိုက်စလန်ကျွန်းနိုင်ငံရှိ ကမ္ဘာ့အကြီဆုံး မီးတောင်ကနေ ချော်ရည်ပူတွေ အဆက်မပြတ်ထွက်ရှိနေ

0
8

https://www.youtube.com/watch?v=NTAzXdPiy70

 

အိုက်စလန်ကျွန်းနိုင်ငံမှာတည်ရှိတဲ့ ကမ္ဘာ့အကြီဆုံးမီးတောင်တစ်ခုဖြစ်ကနေ ချော်ရည်ပူတွေအ ဆက်မပြတ်ထွက်ပေါ်နေတာကြောင့် အနီးမှာရှိတဲ့ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကို အချိန်မှီရွှေ့ပြောင်း ကြဖို့ သုတေသနပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

ဘာဒါဘန်ဂါအမည်ရှိ မီးတောင်ကြီးဟာမကြာသေးမီက ပေါက်ကွဲဖို့ဖြစ်နိုင်တဲ့ အရိပ်အယောင်တွေ တွေ့ရှိနေရပြီး လောလောဆယ်မှတော့ ချော်ရည်ပူထွက်တဲ့အဆင့်ကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

အိုက်စလန်တက္ကသိုလ်ရဲ့ ပါမောက္ခ ပါးလ်အန်နာဆင်က မီးတောင်းအနီးပတ်ဝန်းကျင် ဒေသတွေဟာ ခုချိန်မှာ စိုးရိမ်ဖွယ်အနေအထားကို ရောက်ရှိနေပါတယ်။ လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြုထားဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

အိုက်စလန်းကျွန်းနိုင်ငံ အရှေ့တောင်ဘက်မှာရှိတဲ့ ဘာဒါဘန်ဂါ မီးတောင်ကျောက်ဆောင်တွေ ဟာလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့တယ်လို့လည်း ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဘာဒါဘန်ဂါမီးတောင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀၀ ကျော်ကတည်းက အသေးစားလှုပ်ရှားမှု တွေဖြစ်ပေါ်ခဲ့ဖူးပေမယ့် ၁၄၇၇ ခုနှစ်မှာတော့ သမိုင်းတစ်လျှောက် အကြီးမားဆုံးမီးတောင်ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here