Silicon Valley Leadership Group အထောက်အပံ့နှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်သွားမည်

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားအခြေစိုက်၊ Silicon Valley Leadership Group ရဲ့ အ ထောက်အပံ့နဲ့ လူငယ်ကျောင်းသားတွေကို သုတေသနလေ့လာမှုဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်သွား မှာဖြစ်ပါတယ်။

အဲ့ဒီသုတေသနလုပ်ငန်းစဉ်အတွက် ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူ နှစ်ဆယ်ကျော်ပါဝင် မှာဖြစ်ပြီး အဖွဲ့ဝင်အသစ်အဖြစ်ပါဝင်ခဲ့တဲ့ ကာအူရှစ်တီဝါရီက အဖွဲ့ရဲ့ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်း ရရှိမှာဖြစ်ပါတယ်။

ကျန်မာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းတွေကို အထူးပြုလေ့လာသွားမှာဖြစ်ပြီး သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ တွေကိုလည်း လုပ်ဆောင်သွားမှာပါ။

တီဝါရီက “လူသားတွေအသက်ရှည်စွာ နေထိုင်နိုင်ဖို့ဆိုတာ ကျန်းမာရေးက အရေးကြီးပါတယ်။ ယနေ့ကမ္ဘာမှာ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကလူသားတွေအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီ”လို့ ဆိုပါတယ်။

ယနေ့ဆေးသိပ္ပံပညာရပ်ဆိုင်ရာ တိုးတက်လာမှုကို အမှီလိုက်နိုင်ဖို့အတွက် လူငယ်တွေအနေနဲ့ပိုမို ကြိုးစားလုပ်ဆောင်သင့်တယ်လို့လည်း မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

Silicon Valley Leadership Group ကို ၁၉၇၈ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး လူသားအကျိုးပြု သုတေသနလုပ်ငန်းတွေကို အထူးပြုလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

adv_banner
adv_banner