High-Tech ဂျပန်နည်းပညာ ကုမ္ပဏီက 3D imagery ဆိုင်ရာ နည်းပညာသစ် မိတ်ဆက်

https://www.youtube.com/watch?v=3RhlGnrsOqo

High-Tech ဂျပန်နည်းပညာကုမ္ပဏီက Developers တွေအနေနဲ့ 3D နည်းပညာဆန်းသစ်မှု တစ်ခု အဖြစ် 3D imagery ဆိုင်ရာ နည်းပညာသစ်တစ်ခုကို မကြာသေးခင်က မိတ်ဆက်ပြသခဲ့ပါတယ်။

ဒီနည်းပညာဟာ ဂိမ်းကစားသူတွေအတွက် ရည်ရွယ်တီထွင့်ခဲ့တာဖြစ်ကာ ကွန်ပျူတာပေါ်က ပုံရိပ် အရာဝတ္ထုတွေကို ထိန်းချုပ်ရွေ့လျားနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ထိပ်တန်း နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ High-Tech ကုမ္ပဏီက မကြာမီဈေးကွက်အတွင်း 3D နည်းပညာသစ်ကို ဖြန့်ဖြူးရောင်းချသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

High-Tech အမှုဆောင်အရာရှိချုပ် နာဆူအိုကိုဒါ က Touch နည်းပညာတွေ တိုးတက်ထွန်းကား လာတဲ့အချိန်မှာ ခုအသစ်နည်းပညာသစ်ဟာလည်း လူသားတွေအတွက် မရှိမဖြစ်လိုအပ်လာပြီလို့ သတင်း စာရှင်းလင်းပွဲ တစ်ခုမှာပြောကြားခဲ့ပါတယ်။

ယခုနည်းပညာဟာ ကမ္ဘာ့ပထမဆုံးဖြစ်ပြီး ကွန်ပျူတာ screen ပေါ်မှာ မိမိဆွဲလိုတဲ့ ပုံတွေကိုလည်း fingertips နဲ့ရေးဆွဲနိုင်မှာလည်းဖြစ်ကာ စမ်းသပ်မှုနည်းလမ်းများစွာကိုလည်း အသုံးပြုခဲ့တယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ဆိုပါတယ်။

High-Tech နည်းပညာကုမ္ပဏီဟာ Aerospace၊ Telelcomunication၊ Computer Science အပြင် အခြားသော သိပံ္ပနည်းပညာဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

adv_banner