Samsung မိုဘိုင်းကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ Samsung Galaxy Tab 4 အကြောင်း

Samsung မိုဘိုင်းကုမ္ပဏီက ထုတ်လုပ်လိုက်တဲ့ တက်ဘလက်စီးရီးတွေထဲက တစ်မျိုးဖြစ်တဲ့ Samsung Galaxy Tab 4 ဟာ မျက်နှာပြင်အကျယ် 7 လက်မရှိပြီး GSM၊ WCDMA အသုံးပြုနိုင်တဲ့ တက်ဘလက် အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Internal Memory ရဲ့ ၀င်ဆံ့နိုင်မှုပမာဏကတော့ 1GB ရရှိ နိုင်မှာဖြစ်ပြီး လိုအပ်ပါက နောက်ထပ် 64GB အထိတိုးမြှင့်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဖုန်းရဲ့လုပ်ဆောင်မှုတွေ မြန်ဆန်စေဖို့အတွက် CPU လို့ခေါ်တဲ့ Processor ကတော့ 1.2GHz Quad-Core ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဖုန်းရဲ့ Operating System ကတော့ Krait4.4.2 ထည့်သွင်းပေး ထားတာပါ။

ဖုန်းရဲ့ ကင်မရာအရည်အသွေးပိုင်းကို ကြည့်မယ်ဆိုရင်လည်း 3MP သာပါဝင်လို့ အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ LCD မျက်နှာပြင်Touchscreen ရဲ့ Resolution ကတော့ 1280× 800 ရှိမှာလည်း ဖြစ်ပါတယ်။

ဘက်ထရီအနေနဲ့ 4000 mAh li-on ဘက်ထရီပါဝင်လို့ အချိန်ကြာကြာ အသုံးပြုလိုသူတွေအတွက် အဆင်ပြေစေနိုင်မှာဖြစ်ကာ မျက်နှာပြင်ကျယ်လို့ ဂိမ်းကစားသူတွေအတွက်လည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ထွက်ရှိထားပြီးဖြစ်တဲ့ အော်ရီဒူးဆင်းမ်းကတ်အပြင် နောက်အသစ်ထွက်လာမယ့် 3G လိုင်းတွေနဲ့လည်း အဆင်ပြေစေနိုင်မယ့် တက်ဘလက်ဖြစ်ပါတယ်။

ဒီလိုစွမ်းဆောင်ရည်တွေမြင့်မားတဲ့ Samsung Galaxy Tab 4 ပြည်တွင်း မိုဘိုင်းဖုန်းဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ကျပ် ၂၅၀,၀၀၀ ၀န်းကျင်တန်ဖိုးရှိမှာလည်း ဖြစ်ပါတယ်။

adv_banner