မကြာခင် ရုံတင်ပြသတော့မည့် The Boxtrolls ရုပ်ရှင်ဇာတ်ကား

ဒီတစ်ပတ်ရဲ့ ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ ဒီတစ်ပတ်ရဲ့ရုပ်ရှင်လမ်းညွှန်အစီအစဉ်မှာတော့ The Boxtrolls ဆိုတဲ့ 3 Dကာတွန်း ရုပ်ရှင်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဒီကာတွန်းကားကို အမေရိကန်ပြည်ထောင်စုရှိ ရုပ်ရှင်ရုံတွေမှာ စက်တင်ဘာလ(၂၆)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ Eggs လို့ အမည်ရတဲ့ ကောင်လေးတစ်ယောက်ကို အမှိုက်တွေကောက်ပြီး အသက်ရှင်နေထိုင်တဲ့ မကောင်းဆိုးဝါးပုံစံပေါက်နေတဲ့ သတ္တ၀ါလေးတွေက ခေါ်ယူပြီး မွေးထားပါတယ်၊
မြေအောက်ပိုက်လိုင်းတွေမှာ နေထိုင်တဲ့ အဲဒီ သတ္တ၀ါလေးတွေကို မကောင်းဆိုးဝါးနှိမ်နှင်းတဲ့ စနက်ချာ(snatcher) ကြီး လိုက်လံတိုက်ခိုက်တဲ့အခါမှာ eggs လေးက သူ့ မိသားစုကို ကယ်တင်တဲ့ ဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ဟာ စာရေးဆရာ အယ်လန် စနိုး(Alan Snow) ရေးသားထားတဲ့ Here Be Monsters ဆိုတဲ့ ကလေးဝတ္တုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားကို ဒါရိုက်တာ ဂရမ် အန်အေဗယ်(Graham Annable), အန်တနီ စတက်ချီ(Anthony Stacchi )တို့က ရိုက်ကူးထားပြီး သရုပ်ဆောင်ဘန် ကင်းစလီ( Ben Kingsley), ဂျဲ ဟဲရက်စ်(Jared Harris,)နဲ့ နစ်ဖော့စ်( Nick Frost) တို့က အသံနဲ့ သရုပ်ဆောင်ထားပါတယ်။

adv_banner