နာမည်ကျော်ဟာသအနုပညာရှင် မာရီယွန်မော်ရီနို အမှတ်တရရုပ်ရှင်ကားများပြသခဲ့

၁၉၃၀ ခုနှစ်တွေမှာ နာမည်ကျော်ခဲ့တဲ့ မက္ကဆီကို နာမည်ကျော်ဟာသအနုပညာရှင် မာရီယွန်မော်ရီနို အမှတ်တရ ရုပ်ရှင်ကားတွေကို သြဂုတ်လ ၂၉ရက်နေ့က မက္ကဆီကိုနိုင်ငံတွင်း ရုပ်ရှင်ရုံအချို့မှာ ပြသခဲ့ပါတယ်။

မာရီယိုမော်ရီနိုကို ၁၉၁၁ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာကင်ဆာရောဂါနဲ့ သေဆုံးခဲ့ ကာအနုပညာလှုပ်ရှားမှုတွေကို ၁၉၃၇ ခုနှစ်ကနေ ၁၉၈၂ ခုနှစ် အထိလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

သရုပ်ဆောင်၊ အပြင်ရုပ်ရှင်ပရိုဂျူဆာနဲ့ ဇာတ်ညွှန်းရေးသူအဖြစ်ပါ လုပ်ကိုင်ခဲ့ကာ နာမည်ကျော် ချာလီချက်ပလင်နဲ့ နှိုင်းယှဉ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

ရုပ်ရှင်ပွဲကို လာရောက်ကြည့်ရှု့သူတစ်ဦးက “ကာရိုက်တာမျိုးစုံနဲ့ သရုပ်ဆောင်တဲ့ကားတွေကိုကြည့် တိုင်းခံစားချက်အမျိုးမျိုးကိုလည်း ခံစားရပါတယ်။ တကယ်တော်တဲ့ သရုပ်ဆောင်ကောင်းတစ်ဦးမို့ခုထိ အမှတ် ရနေဆဲပါ”လို့ ဆိုပါတယ်။

ကလေးဘ၀မှာ မာရီယိုမော်ရီနိုဟာ ခက်ခက်ခဲခဲကြီးပြင်းခဲ့ရသူဖြစ်ကာ ဘ၀ရဲ့အချိုးအကွေ့အလှည့် အပြောင်းတွေကိုလည်း ကြုံတွေ့ပြီးမှာအောင်မြင်တဲ့ ဟာသအနုပညာရှင် တစ်ဦးဖြစ်လာခဲ့တာလည်း ဖြစ်ပါ တယ်။

adv_banner
adv_banner