၇၂ ကြိမ်မြောက် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကျင်းပ

0
17

https://www.youtube.com/watch?v=8KeLyk5aeQc

ကမ္ဘာ့သက်တမ်းအရင့်ဆုံး နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို သြဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ၇၁ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး နာမည်ကျော် သရုပ်ဆောင် များ၊ ရုပ်ရှင်ဝါသနာရှင် ပရိတ်သတ်များ နေ့စဉ်လာရောက်ကြည်ရှု့လျက်ရှိနေတယ်လို့ သိရပါတယ်။

ဗင်နစ်ရုပ်ရှင်ပွဲတော်မှာ နိုင်ငံတကာက ရုပ်ရှင်ကားတွေကို ရွေးချယ်ကာ နေ့စဉ်ပြသပေးနေသလို ရုပ်ရှင်အနုပညာဆိုင်ရာ ဆုတွေကိုလည်း ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဆုအဖြစ် Golden lion၊ Silver lion၊ Volpi Cup စသဖြင့် ဆုတွေကိုဘုတ်အဖွဲ့က ရွေးချယ်ချီးမြှင့်မှာလည်းဖြစ်ကာ နိုင်ငံတကာရဲ့အဆင့်မြင့် ရုပ်ရှင်ဆုပေးပွဲလည်း ဖြစ်ပါတယ်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်ကို ၁၉၃၂ ခုနှစ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး နှစ်စဉ်သြဂုတ်လကုန် စက်တင်ဘာပထမပတ်မှာ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here