ဒုတိယအကြိမ် ယဉ်ကျေးမှုပဒေသာကပွဲကို မန္တလေးမြို့၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ

မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ပဒေသာပွဲ တော်ကို ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၃၀ ရက်မှာ ထပ်မံကျင်းပခဲ့ပါတယ်။

“စောင်းက ဒီလိုတီးရတယ်။ ပတ္တလားက ဒီလိုတီးရတယ်။ ဆိုင်းကဒီလိုဆိုတာ ကိုဒီအစီအစဉ် ဒီညမှာပဏာမ အနေနဲ့စီစဉ်ထားပါတယ်”လို့ ဆိုင်းပညာရှင် စိန်မွတ်တား ကပြောပါတယ်။

လက်ရှိမှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ မန္တလေးမြို့ခံ သဘင်ပညာရှင်တွေ စီစဉ်တင်ဆက်တဲ့ အစီအစဉ်တွေပါဝင်ခဲ့ပြီး နောက်ပိုင်းတွေမှာ နှစ်ပတ်တစ်ကြိမ် ကျင်းပပြုလုပ်နေရာကနေ အပတ်စဉ်နဲ့ နေ့စဉ်ဖျော်ဖြေသွားနိုင်အောင် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က တိုင်းဒေသကြီးအစိုးရအနေနဲ့ လောလောဆယ်မှာ အားပေး ပြီတော့   စီစဉ်နေတာဖြစ်ပေမယ့် ပုံမှန်ဖျော်ဖြေဖို့ဆိုတာ ဒီမှာရှိနေတဲ့ ပညာရှင်တွေကို သဘင်အစည်းအရုံး၊ ဂီတအစည်းအရုံးက ပူးပေါင်းပြီးတော့ ပုံမှန်အတိုင်း ဖျော်ဖြေနိုင် အောင် နှစ်ပတ်တစ်ကြိမ်ကနေ တစ်ပတ်တစ်ကြိမ် နောက်ဆိုရင် နေ့စဉ်ဖြစ်ဖြစ် ဖျော်ဖြေနိုင်ရင်ပိုကောင်းပါတယ်။   အခုလောလောဆယ်မှာတော့ အားပေးကူညီပြီး တော့ တိုင်းဒေသကြီးအစီအစဉ်နဲ့လုပ်တယ်။ နောက်ဆိုရင်တောာ့ ပညာရှင်တွေက ဦးဆောင်လုပ်ပြီးတော့     ကျွန်တော်တို့က ပံ့ပိုးတဲ့ အနေအထားမှာဖြစ်မှာပါ”လို့ ဘဏ္ဍာ ရေးဝန်ကြီးဌာနမှ ဒေါက်တာမြင့်ကြူ ကပြောပါတယ်။

 

ဒုတိယအကြိမ်မြောက် ဖြေဖျော်တင်ဆက်မှုတွေ အတွင်းမှာတော့ ၀င်းခင်း သဘင် အခမ်းအနား၊ မြန်မာ့ဆိုင်းဝိုင်းနဲ့အတူ မြန်မာ့စောင်း၊ မြန်မာ့ပတ္တလား ဖျော်ဖြေမှုပါဝင်ခဲ့သလို ဆီမီးခွက်ယိမ်းနဲ့ ပုဂံအကအလှတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်မြို့တော် မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံမှာ နိုင်ငံခြားခရီးသွားတွေနဲ့ ပြည်သူလူထုအတွက် ယဉ်ကျေးမှုဖျော်ဖြေပွဲတွေကို တိုင်း ဒေသကြီးအစိုးရအဖွဲ့နဲ့ ဒေသခံသဘင်ပညာရှင်တွေ စုပေါင်းပြီး ဖျော်ဖြေပွဲတွေကို ပြီးခဲ့တဲ့ လပိုင်းကနေ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

adv_banner