တေးသံရှင်စိုင်းလေးရဲ့ ရထား ၃၃ တေးအယ်လ်ဘယ်သစ် ထွက်ရှိ

0
17

https://www.youtube.com/watch?v=Gf0yU9GuLWU

တေးသံရှင် စိုင်းလေးရဲ့တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ရထား ၃၃ တေးအယ်လ်ဘယ် ထွက်ရှိခဲ့ပြီး ဒီအခွေ ဖြစ်မြောက်ဖို့ သုံးနှစ်ကျော်စီစဉ်ခဲ့ရတယ်လို့ စိုင်းလေးက ပြောပါတယ်။

တေးစီးရီးထဲတွေထဲမှာပါဝင်တဲ့ ရထားသီချင်းနဲ့ တေးသွားနံပါတ် ၃၃ ကိုအစွဲပြုပြီး တေးစီရီးအမည်ကို ရထား ၃၃ လို့ ပေးဖြစ်ခဲ့တာဖြစ်တယ်လို့ စိုင်းလေးက ပြောပါတယ်။

“ဒီအခွေက လွန်ခဲ့တဲ့ ၃၊ ၄ နှစ်လောက်က ကျွန်တော်ဒီအခွေထဲမှာရေးတဲ့ တေးရေးဆရာမိချမ်းနဲ့ နှစ်ယောက် စပြီး အကောင်အထည်ဖော်ခဲ့တယ်ပေါ့။ အထဲမှာပါပါတယ် အဲ့ဒီသီချင်းတွေကလေ ရထားရယ် တေးသွားနံပါတ် ၃၃ ရယ် ၃၃ ဆိုတဲ့ ဂဏန်းလေးကလည်း ကျွန်တော်အတွက် နည်းနည်းတိုက်ဆိုင်လို့ပါ Lucky ပေါ့”လို့ အဆို တော် စိုင်းလေးက ပြောပါတယ်။

အဲ့ဒီတေးအယ်လ်ဘမ်ထဲမှာပါဝင်တဲ့ တေးသီချင်းတွေကိုတော့ တေးရေး မိချမ်း၊ လူနေအိမ်၊ ဖိုးညီတို့အပြင် စုစု ပေါင်းတေးရေးဆရာ ၁၀ ဦးပါဝင် ရေးသားထားတာဖြစ်ပြီး Rock ဂီတကို ဦးစားပေးသီဆိုထား တာလည်းဖြစ် ပါတယ်။

တေးအယ်လ်ဘမ်ကိုတော့ စက်တင်ဘာလ ၄ ရက်နေ့မှာ The Sun Music ကနေဖြန့်ချီခဲ့တာပါ။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here