တောင်ကြီးသားများ သီဆိုထားတဲ့ ချယ်ရီနွေဦးတေးစီးရီး ထွက်ရှိ

0
14

https://www.youtube.com/watch?v=HgMlWbuIyMQ

တောင်ကြီးမြို့က ဂီတ၀ါသနာရှင်များစုစည်း သီဆိုထားတဲ့ ချယ်ရီနွေဦးတေးစီးရီး ထွက်ရှိခဲ့ပြီး သြဂုတ်လ ၃ ရက်နေ့က တစ်နိုင်ငံလုံးကို ဖြန့်ချီခဲ့တာဖြစ်ပါတယ်။

တောင်ကြီးမြို့က တေးသံရှင်တွေဖြစ်တဲ့ ဘိုဖြူ၊ ဟန်ထွန်း၊ အယ်နောင်း၊ ကိုအောင်၊ လှိုင်ဦးမော်၊ အစိုင်း၊ သအို၊ ပူစူး တို့ပါဝင်သီဆိုထားတာလည်း ဖြစ်ပါတယ်။

ဒီတေးအယ်ဘမ် ဖြစ်ပေါ်လာဖို့အတွက် နှစ်နှစ်ကျော်ကြာ စီစဉ်ခဲ့ရတာဖြစ်ပြီး တောင်ကြီးမြို့က ဂီတအနုပညာ ဝါသနာရှင်များအတွက် ရှေ့ဆောင်အဖြစ် ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာစေရန် ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဟာလေးနဲ့ ပတ်သက်လို့ အမှတ်တရလည်း ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ တောင်ကြီးက ဒီလူတွေကြီးပဲ စုစည်းထားတဲ့ ခွေလေးပေါ့နော်။ အဲ့ဒါလည်းဖြစ်တဲ့အတွက် ရင်ထဲမှာလည်း ဒီအခွေလေးအပေါ်မှာဆိုရတဲ့ အ တွက်ဂုဏ်လည်း ဂုဏ်ယူမိပါတယ်။ ၀မ်းလည်း ၀မ်းသာတယ်။ အခွေလေးကို ပရိသတ်တွေချပြခွင့်ရတဲ့ အတွက် ကျေလည်း ကျေနပ်ပါတယ်”လို့ တေးသံရှင် လှိုင်ဦးမော်က ပြောပါတယ်။

အဲ့ဒီချယ်ရီနွေဦး တေးစီးရီးသစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗန္ဓုလလမ်းမှာရှိတဲ့ City Star ဟိုတယ်မှာ သြ ဂုတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့တာပါ။ ဒီတေးစီးရီးမှာ တေးသံရှင်တစ်ယောက်ကို သီချင်းတစ်ပုဒ်ဆီ သီဆိုထားပြီး Group Song အနေနဲ့နှစ်ပုဒ်ပါဝင်ပါတယ်။

ချယ်ရီနွေဦးတေးစီးရီးကို Rose of Sharon တီးဝိုင်းက တီးခတ်ပေးပြီး PTL Studio မှာအသံသွင်းထား တာဖြစ်ပြီး အဆိုတော် ဟန်ထွန်းက ထုတ်လုပ်တာဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here