အာဆီယံစီးပွားရေးအသိုက်အ၀န်း AEC အလုပ်ရုံဆွေးနွေးပွဲ မန္တလေးမြို့တွင်ပြုလုပ်

အာဆီယံစီးပွားရေးအသိုက်အ၀န်း (ASEAN ECONOMIC COMUNATTY) AEC အကောင်အထည် ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံက လူငယ်တွေအပါအ၀င် စီးပွားရေးလုပ်ငန်းရှင်တွေ အနေဖြင့်ပါကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး AEC Oppportunities & ICT Challenges in Mandalay ခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို မန္တလေးမြို့ရှိ ရတနာပုံစူပါစင်တာ၊ MRCCI Hall  မှာ သြဂုတ်လ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းနဲ့ ပါရမီစွမ်းအင်ကုမ္ပဏီ ပေါင်းပြီးတော့ အာဆီယံနဲ့ ပတ်သက်ပြီး AEC ဖြစ်လာရင် ကျွန်တော်တို့လုပ်ရမယ့်ဟာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ workshop တွေလုပ်ပေးတဲ့ သဘောပါ”လို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်နဲ့စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်း ရေးမှုး ၂ ဦးရဲမြတ်သူက ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီး ကွန်ပြူတာလုပ်ငန်းရှင်အသင်း (MCIA)  နဲ့ PT&MM Event Ads CO , Ltd တို့က ဦးဆောင်စီစဉ်တာဖြစ်ပြီး စိတ်ဝင်စားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူငယ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

“အဓိကတော့ ကျွန်တော်တို့ဆီမှာ အရေးပါတဲ့အနေအထားမှာရှိနေပမယ့် ကျွန်တော်တို့ဆီက လူတွေက တကယ် အာဆီယံပြောင်းလဲမှုဖြစ်လာမယ်ဆိုရင် ဘာတွေထိခိုက်မလဲ အားသာချက်ရှိမလဲ ဘာတွေပြောင်းလဲ လာမလဲဆိုတဲ့ဟာကို သေချာသိရအောင်၊ ဒီမှာဘာတွေဖြစ်နေလဲဆိုတဲ့ အနေအထားကို သူတို့ဆီကနေ တစ်ဆင့် တခြားနိုင်ငံတွေ တခြားလူတွေရဲ့ RESEARCH တွေလုပ်နေတဲ့သူတွေ စီစဉ်သူတွေအခွင့် အာဏာရှိတဲ့သူတွေ သိနိုင်အောင်ရည်ရွယ်ပြီး လုပ်ပေးတာပါ”လို့ ၎င်းကပြောပါတယ်။

၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အ၀န်း (ASEAN ECONOMIC COMUNATTY) AEC ဖြစ်မြောက် ဖို့ရေးအတွက် အာဆီယံအဖွဲ့ကြီးက ၂၀၀၇ ခုနှစ် အာဆီယံပဋိဥာည်စာချုပ်ကို ချုပ်ဆိုပြီးနောက်ပိုင်း စတင် အကောင်အထည်ဖော် ဆောင်ရွက်လာတာပါ။

အဲ့ဒီမှာတော့ ဒေသတွင်းလွတ်လပ်စွာ ကုန်စည်ကူးသန်းရောင်ဝယ်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို ချုပ်ဆို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

adv_banner
adv_banner