?bph6

Place your ads here!

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့ ရှေ့ပြေးစီမံချက် ထုတ်ပြန်

လူငယ်အဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းဖြည့်သွင်းပြုစုခြင်း ရှေ့ပြေးစီမံချက်အစီရင် ခံစာကို သြဂုတ်လကုန်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်အသိအမှတ်ပြုထားတဲ့ New Myanmar Foundation က လူငယ်အဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်း၊ ဒေသခံ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းကာ အဆိုပါ မဲဆန္ဒရှင် စာရင်းဖြည့်သွင်းပြုစုခြင်း ရှေ့ပြေးစီမံချက်ကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစီမံချက်အရ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီး နားမြို့နယ်တွေမှာ လုပ်ငန်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ လေ့လာတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ တစ်ချို့ ၀န်ထမ်းတွေက မဲထည့်ခွင့်ရှိတယ်ဆိုတာကို တောင် မသိကြဘူး ဖြစ်နေတယ်။ ကျွန်မတို့မေးတဲ့အခါကျတော့ ဘာပြောလဲဆိုတော့ ၀န်ထမ်းမို့လို့ ပေးစရာမ လိုဘူး ဖြေတဲ့သူလည်းတွေ့လာတယ်။ နောက်တစ်ချက်က တိုင်းရုံးမှာပေးရမယ်ဆိုပြီး ပြောတဲ့လူလည်းရှိပါ တယ်။ ဒါဟာသူတို့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးကို လုံးဝမသိဘူးဆိုတာ အင်မတန်ကိုသေချာနေပါပြီ”လို့ စီမံချက်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီအစီရင်ခံစာရေးသားရာမှာ မဲပေးနိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရန်အတွက် တိကျသေချာတဲ့ မဲစာရင်းရရှိ ရန်၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာတွေကို ပြည်သူလူထုကိုဝေငှရန်၊ စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ပေါ်ပေါက် လာစေဖို့အတွက် အထောက်အကူပြုနိုင်မယ့် ပြည်တွင်းက ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူတွေ အရည် အသွေးမြှင့်တင်ဖို့နဲ့ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ နိုင်ငံသားလေ့လာ စောင့်ကြည့်သူတွေ ရွေးကောက်ပွဲ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်လာစေခြင်းဖြင့် တရားမျှတ၍ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

“ဒီရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ အကြံပြုချင်တာလေးတွေလည်းရှိပါတယ်။ အဲ့မှာ ဘာလဲဆိုတဲ့ အခါကျတော့ အထူးသဖြင့် ရပ်ကျေးကော်မရှင်တွေအနေနဲ့ကတော့ ကျွန်မတို့ လူထုနဲ့အထူး သဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဒီထက်ပိုကောင်းတဲ့ဆက်ဆံရေးမျိုးနဲ့ လုပ်ကြ မယ်ဆိုရင် လုပ်ငန်းတွေလည်းပိုပြီး မြန်ဆန်လာနိုင်တယ်”လို့ စီမံချက်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါ တယ်။

အစီရင်ခံစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ပြုလုပ်နိုင်ဖို့အတွက် သုံးသပ်ချက်တွေပါ ထည့်သွင်းအစီရင်ခံထားတာဖြစ်ပါတယ်။

(နဒီကို)

adv_banner