နာမည်ကျော် သရုပ်ဆောင် ဒါရိုင်တာ ရစ်ချက်အတန်ဘိုရော့ခ်ျကွယ်လွန်

အသက် ၉၀ အရွယ်ရှိပြီဖြစ်တဲ့ ဗြိတိန်ရဲ့နာမည်ကျော် သရုပ်ဆောင် ဒါရိုက်တာ ရစ်ချက်အတန်ဘိုရော့ခ်ျဟာ ကာလရှည်ကြာခံစားခဲ့ရတဲ့ အဖျားရောဂါနဲ့ တနင်္ဂနွေနေ့မှာ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

အတန်ဘိုရော့ခ်ျကို ၁၉၂၃ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ သလို ထုတ်လုပ်သူအဖြစ်လည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်မှာ သူရိုက်ကူးခဲ့တဲ့ ဂန္ဓီရုပ်ရှင်ဇာတ်ကားဟာ နာမည်ကျော် ဇာတ်ကားတစ်ကား ဖြစ်ခဲ့ရုံသာမက ရုပ်ရှင်ဒါရိုက်တာဆုနဲ့ ပရိုဂျူဆာတို့ကိုပါ ရရှိခဲ့တာပါ။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်းမရွန်းက “ကျွန်တော်ငယ်ငယ်လေးတည်းက သူ့ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ခဲ့တာပါ၊ ဂန္ဓီရုပ်ရှင်ကိုတော့ အကြိုက်ဆုံးပါ။ အသက်အရွယ် ကြီးရင့်ပြီဆို ပေမယ့် ခုလိုကွယ်လွန်သွားခဲ့တာ တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ သူရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ရစ်ချက်အတန်ဘိုရော့ခ်ျဟာ အသက် ၂၁ နှစ်အရွယ်မှာ ရှီလာဆင်းမ်နဲ့ လက်ထပ်ခဲ့ပြီး သားသမီးသုံးဦးထွန်းကားခဲ့ကာ အနုပညာလုပ်ငန်းတွေကို ၁၉၄၂ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အထိ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

adv_banner
adv_banner
adv_banner adv_banner