ပဉ္စမအကြိမ်မြောက် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကျင်းပ

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းကကျင်းပတဲ့ ပဉ္စမအကြိမ် မြန်မာ့အလုပ်အကိုင်အခွင့် အလမ်းများပြပွဲမှာ မသန်စွမ်းတွေနဲ့သင့်တော်မည့် အလုပ်အကိုင်တွေကိုပါ ပြသခဲ့ပါတယ်။

အဲ့ဒီပြပွဲကို သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ကျင်းပခဲ့ပြီး လူငယ်အများအပြား လာရောက်ကြည့်ရှု့ခဲ့ကြ၍ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေက လစ်လပ်နေတဲ့ ဝန်ထမ်းနေရာတွေအတွက် အလုပ်အကိုင် ကြော်ငြာ၊ လာရောက်လျှောက်ထားကြသူတွေအတွက် အင်တာဗျူးအစီအစဉ်တွေကို ထည့်သွင်း ထားတာဖြစ်ပါတယ်။

“အဲ့ဒါကြောင့်မှသာ ကျွန်တော်တို့ ပညာတတ် မသန်စွမ်းတွေက များများပေါ်ထွန်းလာမှာပါ။ လက်ရှိအနေ အထားဆိုရင် ပညာတတ်တဲ့ မသန်စွမ်း၊ ဘွဲ့ရမသန်စွမ်း၊ ကွန်ပျုတာပညာတတ်တဲ့ မသန်စွမ်းတွေကို
ဒါမျိုးအခွင့်အလမ်းမပေးဘူးဆိုရင် တဖြည်းဖြည်းနဲ့ ငုံ့ငုံ့သွားမှာပါ။ အခွင့်အလမ်းတွေပေးတဲ့အတွက် မြန်မာပြည် မှာရှိတဲ့ မသန်စွမ်းတွေ အားလုံးဟာလည်းတက်တက်ကြွကြွပါဝင်လာမယ်။ ပညာရေးကိုလည်း သူတို့မိဘတွေ
ကနေတစ်ဆင့်ပိုပြီးလိုက်စားလာမယ်။ မသန်စွမ်းဘ၀ကနေတစ်ဆင့် ကိုယ်ပိုင်လုပ်ငန်း ကိုယ်ပိုင်အလုပ်အကိုင်
ရရှိတဲ့အထိလုပ်နိုင်မှာဖြစ်ပါတယ်”လို့ ပြပွဲကို လာရောက်ကြည့်ရှု့သူ ကိုအောင်ကိုဦးကပြောပါတယ်။

ပြပွဲကို ပြည်တွင်းက အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေအပြင် ၀န်ထမ်းကိုတိုက်ရိုက်ရှာဖွေကြတဲ့ ကုမ္ပဏီ တွေလည်း ပါဝင်ကြပါတယ်။

 

adv_banner
adv_banner