Cisco နဲ့ Youth Computer ကုမ္ပဏီတို့ နည်းပညာသင်ကြားရေး ပူးပေါင်းဆောင်ရွက်

အမေရိကန်နိုင်ငံ Cisco ဆက်သွယ်ရေ နည်းပညာကုမ္ပဏီသည် မြန်မာနိုင်ငံက Youth Computer ကုမ္ပဏီနဲ့ သင်ကြားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားမှာဖြစ်ပါတယ်။

Cisco ကုမ္ပဏီသည် ဆက်သွယ်ရေး နည်းပညာပစ္စည်းထုတ်လုပ်သည့်အပြင် အသုံးပြုမှုဆိုင်ရာ ပညာရပ်သင် ကြားပေးမှုကိုလည်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

“ကုန်ပစ္စည်းတွေကနေ networking equipment ထုတ်လုပ်ရုံတင်မကဘူး ဒီ networking equipment တွေကို သေချာအသုံးချတတ်အောင် သူကနေမှ education program ပြန်လုပ်ပါတယ်။ ပြီးတော့ စာမေးပွဲတွေ ပြန်စစ်ပြီးတော့ certificate ပြန်ထုတ်ပေးတယ်။ အဲ့ဒီလိုထုတ်ပေးပြီးရင် certificate တွေပိုင်ဆိုင်ထားတဲ့သူက နိုင်ငံ တကာဆိုရင် လစာကောင်းကောင်းရတဲ့သူဖြစ်တယ်။ အာမခံချက်ပေးနိုင်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ ဖြစ်ပေါ်စေတယ်။ ဒီလိုမျိုး education program ကိုသင်ပေးတဲ့ Cisco ကို learning partner ကိုယူထားတာပါ”လို့ Youth Computer ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ကိုဇော်လင်း ကပြောပါတယ်။

ဆက်သွယ်ရေးနည်းပညာတွေဟာ နိုင်ငံတကာမှာ လစာမြင့်မားစွာရရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းဖြစ်ပြီး ဖွံ့ဖြိုးလာနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးနည်းပညာ လောကမှာ ပညာဆိုင်ရာတတ်ကျွမ်းသူတွေ လိုအပ်လာမှာဖြစ်ပါတယ်။

“ဒီထက်ပိုပြီး ပွင့်လင်းလာမယ်ဆိုရင် ကျွန်တော်တို့ လက်ရှိသင်နေတဲ့အရေအတွက်နဲ့ ဆိုရင် အများကြီး ထပ်လိုဦးမယ်လို့ ပြောလို့ရတယ်။ လူငယ်တွေတစ်ချို့ကျတော့လည်း သိပ်ပြီးမသိသေးဘူးဆိုတော့ ဥပမာ ကွန်ပျုတာပညာရပ်ဆိုတာ ဆယ်တန်းအောင်ပြီးတက်တဲ့ ပုံစံမျိုးနဲ့မဟုတ်တော့ဘဲ       တကယ့်ကို ဘ၀အာမခံ ချက်ပေးတဲ့ carrier တွေရှိတယ်ဆိုတာ သိစေချင်ပါတယ်”လို့ ကိုဇော်လင်းကပြောပါတယ်။

အဲ့ဒီသင်တန်းမှာCisco ကချမှတ်ထားတဲ့ သင်ရိုးညွှန်းတန်းများ အတိုင်းသင်ကြားပေးမယ့်အပြင် လက်တွေ့သင် ကြားမှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

adv_banner