ဆရာကြီးဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနား အောင်ပန်းမြို့တွင်ပြုလုပ်

0
19

https://www.youtube.com/watch?v=Q64dpR5OpA8

 

ဆရာကြီးဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ရှမ်းပြည်နယ် အောင်ပန်းမြို့ရှိ စာပေလောက သားတွေက အထိမ်းအမှတ်ပွဲတစ်ရပ် ကျင်းပသွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖခင်တစ်ဦးလည်းဖြစ် စာရေးဆရာကဗျာဆရာကြီးတစ်ဦးဖြစ်တဲ့ ဆရာကြီးဒဂုန်တာရာသည် ကွယ်လွန်ခဲ့သည်မှာ သြဂုတ်လ(၁၉)ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တစ်နှစ်ပြည့် အခမ်းအနားကိုတော့ ရှမ်းပြည်နယ်၊ ကလောမြို့နယ် အောင်ပန်းမြို့ မယ်ခိုတောင် မကုဋာရုံကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

“ဆရာဒဂုန်တာရာ ကွယ်လွန်သွားတာဟာ ပြည်တွင်း။ ငြိမ်းချမ်းရေးအတွက် တကယ်တန်ဖိုးရှိတဲ့ တကယ်သြဇာရှိတဲ့ စာပေပညာရှိ တစ်ယောက် ငြိမ်းချမ်းရေးဗိသုကာကြီးတစ်ယောက် ဆုံးရှုံးသွားတယ်လို့ ခံစားရတယ်။ ဆရာရဲ့ ရန်သူမရှိ မိတ်ဆွေသာရှိ ချစ်သူမရှိ မုန်းသူသာရှိဆိုတဲ့ ဆရာ့ ငြိမ်းချမ်းရေးအဘိဓမ္မာကို ဆက်လက်ရှင်သန်အောင်လည်း စာပေ သမားတွေရော နိုင်ငံရေးသမားတွေကကိုင်စွဲဖို့”လို့ မြန်မာနိုင်ငံကဗျာဆရာများသမဂ္ဂ ဥက္ကဌ ဆရာထက်မြက် ကပြောပါ တယ်။

အဲ့ဒီအခမ်းအနားမှာ ဆရာကြီးဒဂုန်တာရာအားရည်စူးပြီးဆွမ်း၊ သင်္ကန်းနဲ့ ပစ္စည်း(၄) ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဆရာကြီးရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာကြတဲ့ အဖွဲ့အစည်းအသီးသီးက သ၀ဏ်လွှာဖတ်ကြားခြင်းနဲ့ ကဗျာများကို ရွတ်ဖတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံစာရေးဆရာများသမဂ္ဂ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားများသမဂ္ဂ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ NLD ပါတီ(အောင်ပန်း)နဲ့ ဆရာကြီးဒဂုန်တာကိုလေးစားချစ်ခင်ကြသော ဆရာရေးဆရာများ ကဗျာဆရာများ၊ ဒေသခံစာပေမြတ်နိုးသူများ အပါအ၀င် ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ပါတယ်။

“ဆရာတာရာရဲ့ ဒီကွယ်လွန်ခြင်းတစ်နှစ်မြောက် အခမ်းအနားမှာဆရာ့ရဲ့ စိတ်ဓာတ်ဒီငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ အယူအဆဈာန်ဝင်ပြီးတော့မှ ကဗျာရွတ်ပြီး ကျွန်တော် ဂုဏ်ပြုချင်တယ် ကန်တော့ချင်တယ်”လို့ ကဗျာဆရာ ငြိမ်းဝေ ကဗျာအိုးဝေ (အယ်ဒီတာ) မဇ္စျိမသတင်းဌာန ကပြောပါတယ်။

ဆရာကြီးဒဂုန်တာရာဟာ ၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင်မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ တနင်္လာနေ့ (နေ့လယ် ၁ နာရီ ၁၅ မိနစ်)မှာ အောင်ပန်းမြို့ သာမိုင်ခမ်းတွင် နေထိုင်စဉ်ကွယ်လွန် ခဲ့ပါတာဖြစ်ပါတယ်။

 

 

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here