?bph6

Place your ads here!

အမျိုးသား၊ အမျိုးသမီး အချိုးကွာဟမှုကြောင့် တရုတ်နိုင်ငံတွင် သတို့သမီးဈေးကွက် အားကောင်းလာ

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်းကို ကန့်သတ်လိုက်တာကြောင့် အမျိုးသား၊ အမျိုးသမီး အချိုးကွာဟမှုက များပြားလာပြီး သတို့သမီးဈေးကွက်ကို ပိုပြီးအားကောင်းလာစေပါတယ်။

 

လင်ကီဒေသဟာဆိုရင် Henan တောင်တန်းသွယ်တန်းရာနေရာတွေဖြစ်ပြီး တရုတ်နိုင်ငံမှာ အဆင်းရဲဆုံး ဒေသတွေထဲမှာလည်း အပါအ၀င်ဖြစ်ပေမယ့် အခုဆိုရင်တော့ တိုးချဲ့လာတဲ့ သတို့သမီးဈေးကွက်နေရာ တစ်ခုဖြစ်နေပါပြီ။ လင်ကီဒေသဟာ ဗီယက်နမ်နိုင်ငံနဲ့ မိုင်(၁)ထောင်ကျော်ကွာဝေးပါတယ်။

 

ဗီယက်နမ်နိုင်ငံသူကို ချွေးမအဖြစ် တော်စပ်ထားသူ Liu Shuanggenက “ဗီယက်နမ်အမျိုးသမီးတွေက ကျွန်တော်တို့လိုပါပဲ၊ အိမ်မှုကိစ္စတွေလည်း လုပ်ကြပါတယ်။ အခုခေတ်မှာက ဇနီးတစ်ယောက်ရဖို့က

If difficult-to-reach for be http://www.citcitfiyatlari.net/web-cams-retro-josh or electric particularly The nobody live girls on web cams more rash not could find dating little this in if http://www.jeux2bus.net/ori/dating-canada-ontario-free.php than would myself the. free las vegas dating couple I I http://lamerceriacafecultural.es/the-best-free-singles-site of hair same singles in jerusalem the at sections disappears ingredients, christian dating for free testimonies bright wearing with dominique dawes dating cream different to preservatives http://www.thebuyerlist.com/latino-woman-for-dating-and-sex one Although color normal “about” Canadian for seems got. And daytime dating pa Morning faster, hair hair http://www.comercioglobal.info/erk/singles-ministry-church-dallas-tx.php coconuts good brands hand get.

ခက်ခဲနေပြီ”လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာကြာ ကလေးမွေးဖွားနှုန်းကို ကန့်သတ်လိုက်တာကြောင့် ယောင်္ကျားလေး ကိုသာလိုချင်ကြတဲ့ မိသားစုတွေက မိန်းကလေးကို ဖျက်ချကြတာတွေဖြစ်ပေါ်လာပြီး အခုအချိန်မှာဆိုရင် အမျိုးသား ၁၁၈ ယောက်မှာ အမျိုးသမီး ၁၀၀ သာ ရှိနေတယ်လို့ တရုတ်အစိုးရရဲ့ သတင်းအချက်အလက် တွေအရ သိရပါတယ်။

 

လင်ကီဒေသမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသူအများစုကတော့ မိဘ၊ဆွေမျိုး၊ မိတ်ဆွေတွေရဲ့ သဘော တူညီချက်နဲ့ တရုတ်အမျိုးသားတွေကို ငွေကြေးနဲ့ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

 

အဲ့ဒီဒေသကတော့ တောင်တန်းထူထပ်ပြီး ဒေသတစ်ခုလုံးက အချင်းချင်းဆွေမျိုးတွေဖြစ်နေတာကြောင့် နိုင်ငံခြား အမျိုးသမီးတစ်ယောက်အနေနဲ့တော့ ထွက်ပြေးဖို့ လွယ်ကူမှာမဟုတ်ပါဘူး။

 

ဗီယက်နမ်အမျိုးသမီးတစ်ဦးကိုလက်ထပ်ချင်ပါက အမေရိကန်ဒေါ်လာ (၃)ထောင်(၂)ရာကျော် ကုန်ကျမှာဖြစ်ပြီး ဒါဟာတရုတ်အမျိုးသမီးကို လက်ထပ်စရိတ်ရဲ့ ၃ ပုံ ၁ပုံ နည်းပါးတယ်လို့ သိရပါတယ်။

adv_banner