ပဲရစ်မြို့ရှိ Pont des Arts တံတားမှာ ချစ်သူစုံတွဲတွေ သော့ခတ်တာ မပြုလုပ်ရန်တားမြစ်

ပဲရစ်မြို့ရှိ Pont des Arts တံတားမှာ ချစ်သူစုံတွဲတွေ သော့ခတ်တာ မပြုလုပ်ရန်တားမြစ်

 

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ Pont des Arts တံတားမှာ ချစ်သူစုံတွဲတွေကို SELFIE ဓာတ်ပုံရိုက်တာကိုသာ ခွင့်ပြုထားပြီး သော့ခတ်တာတွေကို မပြုလုပ်ကြဖို့ မြို့တော်တာဝန်ရှိသူတွေက မေတ္တာရပ်ခံပြီးတော့ တားမြစ် လိုက်ပါတယ်။

 

ကမ္ဘာ့နာမည်ကျော်တံတားကြီးမှာ ချစ်သူတွေရဲ့ အချစ်သက်သေအဖြစ် သော့ကလောက်ပေါင်း ထောင်ပေါင်း များစွာ ခတ်ထားပြီး သော့ကလောက်တွေကြောင့် တံတား ပျက်စီးမှာစိုးလို့ တံတားမှာ သော့ကလောက်တွေ ထပ်မချိတ်ကြရန် မြို့တော်တာဝန်ရှိသူတွေက သြဂုတ်လ(၁၁)ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

 

အချစ်သက်သေတည်ဖို့ သော့ခလောက်ချိတ်တဲ့ အပြုအမှုတွေက ၂၀၀၈ခုနှစ်လောက်က စတင်ခဲ့တာဖြစ်ပြီး နှစ်စဉ်ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ထောင်ပေါင်းများစွာသော စုံတွဲတွေက သူတို့နာမည်တွေရေးထားတဲ့ သော့က လောက်တွေကို တံတားရဲ့ နံရံမှာ ခတ်ကြပြီး ရေထဲမှာကို seine မြစ်ထဲကို ပစ်ချကြပါတယ်။

adv_banner