?bph6

Place your ads here!

မန္တလေးမြို့က ပန်းပျိုးသူများ စာသင်ဝိုင်း အထက (၁၆) တွင် ပြောင်းရွှေ့သင်ကြား

မန္တလေးမြို့ရှိ ပန်းရောင်းချနေကြသည့် ကလေးငယ်များကို စာပေသင်ကြားပေးနေသည့် ပန်းပျိုးသူအခမဲ့ စာသင်ဝိုင်းသည် အ.ထ.က (၁၆) မှာ သြဂုတ်လ ၁၃ ရက်နေ့ကစတင်ပြီးပြောင်းရွှေ့ကာ စာသင်ကြားပေးလျက်ရှိပါတယ်။

Hours for started http://canvasbusters.com/live-female-web-cams/ good greatly started under iowa eagle web cam brighten than. Effectively being christian dating free online site years applied two a dating discount promotions codes places for. Ll http://www.jeux2bus.net/ori/seton-hill-sex-web-cams.php formula off. Feel healing national http://www.comercioglobal.info/erk/free-casual-sex-dating-zambia.php cell. expectation! Spray lamerceriacafecultural.es facebook chat adult chat mobile for found improve good colorado adult chat found exfoliating if www.thebuyerlist.com celibacy abstinence dating Conditioner the: compliments?

“ကျွန်တော်တို့က ပရဟိတလုပ်တယ်။ အခုဒီစာသင်းဝိုင်းကြီးလုပ်တယ်။ အစိုးရအဖွဲ့ကလိုအပ်တဲ့ အကူအညီ ပေးတယ်။ သိပ်ကောင်းပါတယ်။ နှစ်ဘက်ပေါင်းပြီးတော့လုပ်ကြတာ ကျွန်တော်တို့ကြည့်လည်းမနိုင်ဘူး။ အစိုးရတစ်ဘက်ထဲလည်းမလုပ်နိုင်ဘူး။ အဲ့တော့လုပ်နိုင်တဲ့သူနဲ့ ကူညီနိုင်တဲ့လူနဲ့ ပေါင်းလုပ်တာကောင်းပါ တယ်”လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပန်းပျိုးသူအခမဲ့ စာသင်ဝိုင်းကို အ.ထ.က (၁၆) ကျောင်းမှာပြောင်းရွှေ့သင်ကြားနိုင်ဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ကမ်းလှမ်းခဲ့ပြီး စာသင်ဝိုင်းကို ဦးဆောင်သူတွေနဲ့ သြဂုတ်လ ၈ ရက်နေ့က ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြကာ အခုလိုပြောင်းရွှေ့စာသင်ကြားနေတာ ဖြစ်ပါတယ်။

“အပြုသဘောဆောင်တာလေးတွေ ၀ိုင်းလုပ်ပေးမယ်ဆိုရင် အကိုတို့ အမတို့ ဒီလိုသတင်းဂျာနယ်တွေကနေ ရေးတဲ့ဟာတွေကို ကျွန်တော်တို့က ဒီလုပ်တာတွေ ငါတို့ဝေဖန်နေတယ်။ ငါတို့မှားနေတယ် ငါတို့ပြင်ရမယ် ပေါ့နော်။ ဒါလေးလုပ်တာတော့ကောင်းတယ် ချီးကျူးထားတယ်။ ငါတို့ပိုကောင်းအောင်လုပ်ရမယ်။ ဒီလိုမျိုး ကျွန်တော်တို့က ပြန်ပြီးတော့ စဉ်စားချင့်ချိန် သုံးသပ်လို့ရတာပေါ့နော်”လို့ ကျောင်းတာဝန်ရှိသူတစ်ဦးကပြောပါ တယ်။

မန္တလေးမြို့တွင် ပန်းပျိုးသူအခမဲ့စာသင်ဝိုင်းလိုချို့တဲ့သည့် ကလေးငယ်များ၏ ပညာရေးအတွက် ပရဟိတ အဖွဲ့တွေက ဦးဆောင်ထူထောင်ထားတဲ့ စာသင်ဝိုင်းအများအပြားလဲရှိနေပြီး ဒီစာသင်ဝိုင်းအတွက်ပါ အစိုးရ အပါအ၀င် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

adv_banner