?bph6

Place your ads here!

မြန်မာဝီကီပီးဒီယားဝက်ဘ်ဆိုက်မှာ ပါဝင်ရေးသားကြဖို့ တည်ထောင်သူတွေက ဖိတ်ခေါ်

မြန်မာဝီကီပီးဒီယားရဲ့ ၀က်ဘ်ဆိုက်သည် မည်သူမဆို အခမဲ့ဝင်ရောက်ပြီး မြန်မာဘာသာနဲ့ ကြည့်ရှု့လေ့လာနိုင် သလို ပါဝင်ရေးသားနိုင်သည့် အင်တာနက်စွယ်စုံကျမ်းတစ်ခုဖြစ်သည့် အဲ့ဒီဝက်ဘ်ဆိုက်မှာ အများပြည်သူတွေ ပါဝင်ရေးသားကြဖို့ ၀က်ဘ်ဆိုက်ကို ဦးဆောင်သူတွေက တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြန်မာဝီကီပီးဒီးယား တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့က မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်ရှိ မြို့မတူရိယာအသင်းခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ ကြပါတယ်။

ဝီကီပီးဒီးယားလို့ခေါ်တဲ့ စွယ်စုံကျမ်း အင်တာနက်ဝက်ဘ်ဆိုက်ဟာ ကမ္ဘာပေါ်ရှိဘာသာရပ် အများအပြားနဲ့ လွှင့် တင်ထားတဲ့ ၀က်ဘ်ဆိုက်တွေဖြစ်ပြီ ဒီဝက်ဘ်ဆိုက်ရဲ့ မြန်မာပိုင်းမှာတော့ အကြောင်းအရာပေါင်း ၃သောင်း ကျော်ကို ၀င်ရောက်ဖတ်ရှု့နိုင်မှာပါ။

အင်တာဗျူး -မြန်မာဝီကီပီးဒီယားရဲ့တာဝန်ရှိသူတစ်ဦး

အွန်းလိုင်းမှာ ဖေဘုတ်အကောင့်လုပ်သလို gmail အကောင့်လုပ်သလို ၀ီကီပီးဒီးယားအကောင့် တစ်ခုလုပ်ပြီး တော့ ၀င်ပြင်နိုင်ပါတယ်။ အဲ့ဒီဝက်ဆိုက်ကြီးကို ထိန်းသိမ်းဆောင်ရှောက်နေသည့် အဖွဲ့ကြီးကတော့ ၀ီကီပီးဒီး ယားဆိုသည့် အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

မြန်မာဝီကီပီးဒီယားရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကတော့ www.my.wikipedia.org ဖြစ်ပြီး အဲ့ဒီအင်တာနက် စွယ်စုံကျမ်းဝက်ဘ်ဆိုက်ဟာ သုံးစွဲသူတွေပူးပေါင်းပြီး ရေးသားတည်းဖြတ်နိုင်သည့် နေရာတစ်ခုဖြစ်သလို ၀က်ဘ်ဆိုက်ကို သုံးစွဲသူတွေက နာရီအလိုက်ပြင်ဆင်ရေးသားမှုပေါင်းများစွာကို ပြုလုပ်နိုင်တဲ့ ၀က်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။

adv_banner