?bph6

Place your ads here!

တက္ကသိုလ်ပေါင်းစုံ ကရာတေး၊ တိုက်ကွမ်ဒို၊ ၀ူရှူးပြိုင်ပွဲကို ပထမအကြိမ် ကျင်းပ

အားကစားလောကမြင့်မားဖို့အတွက် တက္ကသိုလ်ပညာအဆင့်ရှိသူတွေပါ ပါဝင်လာနိုင်ရန်အတွက် တက္ကသိုလ်ပေါင်းစုံ ကရာတေး၊ တိုက်ကွမ်ဒိုနဲ့ ၀ူရှူးပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တက္ကသိုလ်မှာ သြဂုတ်လ(၁၅)ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။

“ပညာရေးနှင့် အားကစားခုလို ပူပေါင်းဆောင်ရွက်တဲ့အခါမှာ အခုလိုပွဲတွေ လုပ်ဖြစ်လာတာဟာ ကျွန်တော် တို့ အဖွဲ့ချုပ်တွေအတွက်ရော နိုင်ငံတော်အတွက်ရောအင်မတန်မှကောင်းတဲ့ အလားအလာတစ်ခုဖြစ်ပါ တယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်တော်တို့ ဒီအခြေခံပညာရေးဗီဇာရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေဟာ ဒီအားကစားကို စိတ်ဝင်းစားလာတယ်”လို့ မြန်မာနိုင်ငံကရာတေးဒိုအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာဝင်းဇော်က ပြောပါတယ်။

အဲ့ဒီပြိုင်ပွဲကို အားကစားဝန်ကြီးဌာနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးကျင်းပတာဖြစ်ပြီး ပြိုင်ပွဲကို ပြည်နယ်နဲ့ တိုင်းအသီးသီးမှ တက္ကသိုလ်များဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်ရှိ တက္ကသိုလ်များအစရှိတဲ့ တက္ကသိုလ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြိုင်ပွဲမှာ အမျိုးသားအကောင်းဆုံးအားကစားသမားဆုကို သန်လျင်နည်းပညာတက္ကသိုလ်က ကိုမင်းဟိန်း ခန့်၊ အမျိုးသမီးအကောင်းဆုံး အားကစားသမားဆုကို လွိုင်ကော်တက္ကသိုလ်က မသဇင်အေး၊ အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို သန်လျင်နည်းပညာတက္ကသိုလ်နဲ့ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို လွိုင်ကော် တက္ကသိုလ်တို့က ရရှိခဲ့ပါတယ်။

“ဆရာမကနာမည်စာရင်းတွေ လာကောက်တော့ ပါဝင်ပြီးတော့ ၀င်ရောက်ကစားခဲ့တာပေါ့နော်။ အဲ့ဒီမှာ ကရာတေးပွဲလုပ်တဲ့အချိန်မှာ ၀င်ပြိုင်တယ်။ ပြီးရင်တိုင်းနဲ့ ပြည်နယ်တွေမှာ ၀င်ပြိုင်တယ်ရှင့်။ ဆရာမက ခေါ်လာပြီးတော့ စခန်းတွင်းလေးကျင့်ရင်းနဲ့ ဒီတိုင်းစီးဂိမ်းတွေ လည်းသွားတယ်။ ဒီတက္ကသိုလ်ပြိုင်ပွဲတွေ လည်းဝင်လေ့ရှိပါတယ်”လို့ ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ်မှ မသဇင်အေးကပြောပါတယ်။

လာမယ့် ဒီဇင်ဘာလ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့်အာဆီယံ တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နိုင်ဖို့ ဒြီံပိုင်ပွဲမှာအနိုင်ရရှိသူတွေကို ပြန်လည်ရွေးချယ် လေ့ကျင့်ပေးသွားမှာဖြစ်ပါ တယ်။

adv_banner