?bph6

Place your ads here!

Green Ngapali ပန်းချီပြခန်းအသစ်ဖွင့်လှစ်

ပန်းချီလောကကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန်ရည်ရွယ်ပြီး Green Ngapali Art Gallery ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ် နဝဒေးလမ်းမှာ သြဂုတ်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပါတယ်။

အဲ့ဒီပန်းချီပြခန်းက ရန်ကုန်မြို့လယ်တွင်ရှိပြီး ဗိုလ်ချုပ်ဈေးနဲ့လည်းနီးကပ်တာမို့ မြန်မာပန်းချီလက်ရာ တွေကိုလေ့လာလိုတဲ့ နိုင်ငံခြားသားတွေအတွက် အဆင်ပြေစေတဲ့ ပြခန်းလည်းဖြစ်ပါတယ်။

“ဒီနေရာမှာဖွင့်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ နံပတ်တစ်ကတော့ မြို့လယ်ကျတာရယ် နိုင်ငံခြားသားလည်း အသွားအလာများတယ်။ ဗိုလ်ချုပ်ဈေးနဲ့လည်း နီးတယ်ပေါ့နော် နောက်ကလေးတွေ စာသင်ကျောင်းနဲ့ လည်းနီးတော့ ပန်းချီကိုကလေးတွေပိုပြီး ချစ်တက်စေချင်တာလည်းပါပါတယ်။ ဒီဗမာပြည်မှာရှိနေတဲ့ ပန်းချီဆရာတွေကို အော်ဂနိုက်လုပ်ခြင်းလိုပါပဲ ကိုယ်ပန်းချီဆရာတွေလည်းလုပ်နိုင် တယ်ဆိုတာလည်း ပြချင်လို့ဖြစ်ပါတယ်”လို့ ပန်းချီပြခန်းပိုင်ရှင် ဦးကိုလေးကပြောပါတယ်။

ဒီပန်းချီပြခန်းဟာဒဂုံ (၁)ကျောင်းဝင်ပေါက်အနီးမှာရှိတာမို့ ကလေးသူငယ်တွေ ပန်းချီပညာကို လေ့လာ နိုင်ဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။ ပန်းချီပြခန်းဖွင့်လှစ်ခြင်း အထိမ်းအမှတ်အနေနဲ့ အခြားသက်ရှိများလို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတစ်ရပ်ကို ထည့်သွင်းကျင်းပသွားပါတယ်။

“ပွဲကတော့ ဒီပွဲအတွက်လုပ်မယ်လို့မဟုတ်ပါဘူး။ ပန်းချီကတော့ ရေးဖြစ်နေတယ်။ ရေးဖြစ်နေရင်းနဲ့ ကား လေးတွေစုဖြစ်သွားတယ်။ ကိုလေးနဲ့ ဆုံတဲ့အခါကြတော့ ဒီပွဲလေးကို ကိုလေးစီစဉ်ပေးတဲ့အတွက်ကြောင့် ကျွန်တော်လုပ်ဖြစ်သွားတာပါ”လို့ ပန်းချီဆရာ ဦးစိုးနိုင် ကပြောပါတယ်။

Green Ngapali Art Gallery ပန်းချီပြခန်းကို ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေမှာလည်း အောက်တိုဘာကနေ မတ်လအထိ နှစ်စဉ်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

(နဒီကို၊ သြဂုတ်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်)

adv_banner