မြန်မာနိုင်ငံဂီတအစည်း(ဗဟို)ကို ခိုးကူးခွေ နစ်နာကြေး သိန်း ၉၀၀ ကျော်ပေးဆောင်ရမည်

ဂီတလောကမှာ ပထမဆုံးအကြိမ် ခိုးကူးခွေဖမ်းဆီးရရှိမှုအပေါ် နစ်နာကြေးတောင်းဆိုထားရာ လျော်ကြေးငွေ သိန်း(၉၀၀)ကျော် ရရှိမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဂီတအစည်း(ဗဟို)က ဦးဆောင်ပြီး မန္တလေးမြို့မှာဖမ်းဆီးရရှိသည့် ခိုးကူးခွေတွေအပေါ် နစ်နာကြေး ရလိုမှုအတွက် တရားစွဲဆိုခဲ့ရာမှာ တရားရုံးက ကျပ် (၉၃၈) သိန်းပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရရှိမှုမှာ တစ်ကိုယ်တော်နဲ့ စုပေါင်းအတွဲခွေမှ အဆိုတော်တေးသံရှင် အယောက်(၇၀)ရဲ့ တေး သီချင်း (၃၀၀၀) ဖြစ်ပါတယ်။

“တရားရုံးမှာ အနိုင်ဒီဂရီရပြီးသားဆိုရင်တော့ ရဲလုပ်ထုံးလုပ်နည်းနဲ့ တရားရုံးလုပ်ထုံးလုပ်နည်းတွေရှိပါတယ်။ အဲ့ဒါက ဇာဒီအမှုလို့ခေါ်တာပေါ့။ နောက်တခါ သူ့ရဲ့ပိုင်ဆိုင်မှုတွေကို အခုလည်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးသူ့ရဲ့ပိုင်ဆိုင်မှုကို တတ်နိုင်သလောက်သိရအောင် ကြိုးစားထားတာရှိပါတယ်။ နေရပ် လိပ်စာလည်း သိအောင် လုပ်ထားတာရှိပါတယ်။ သူ့ရဲ့ဇနီးက ဘယ်မှာအလုပ်လုပ်ကိုင်တယ် အချက် အလက်လေးတွေ စုဆောင်းထားတာရှိပါတယ်။ သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီး သက်ဆိုင်ရာ တရား ရုံးမနဲ့ ရဲတပ်ဖွဲ့တွေက အကူအညီပေးမှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံဂီတအစည်း(ဗဟို)မှ ဦးမျိုးဆွေ ကပြောပါတယ်။

ဒီလိုတရားရုံးက ဒဏ်ငွေပေးဆောင်ဖို့ အမိန့်ချမှတ်ပေမယ့်လည်း တရားခံကတော့ လွတ်မြောက်နေဆဲ
ဖြစ်ပါတယ်လို့ သိရပါတယ်။ နစ်နာကြေးအနေနဲ့ ရရှိလာမယ့် လျော်ကြေးငွေတွေအပေါ် ဂီတလောကသားတွေ ကိုမည်သို့ခွဲဝေကြမယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

“နိုင်ငံတော်အနေအထားကလည်း ဒီထက်အရေးကြီးတဲ့ ဥပဒေတွေက ပြဋ္ဌာန်းနေရတဲ့ အနေအထားဖြစ်လို့ အဲ့ဒီ Intellectual Policy Act ကတော့ လွှတ်တော်ကိုတင်ဖို့ ရှေ့နေချုပ်ရုံးကို ရောက်ထားတဲ့အနေအထားတော့ ရှိတယ်။ သိပ်မကြာခင်မှာတော့ အဲဒါကိုပြဋ္ဌာန်းလာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေရှိနေမှဘဲ နိုင်ငံတကာ Investment တွေကလည်း ဒီမြန်မာပြည်ကိုယုံကြည်မှုရှိပြီးတော့ လာလုပ်နိုင်မယ့်အနေအထားရှိပါတယ်။ အဲဒီဥပဒေထွက်လာပြီးရင်တော့ အန်ကယ်တို့ ဒီလိုလိုက်ပြီးဆောင်ရွက်နေဖို့ မလိုတော့ပါဘူး။ ခိုးမယ့်သူက ကြောက်တယ်။ အခုဆိုရင်တော့ တစ်သိန်းဆိုတော့မကြောက်ဘူး။ အဲ့ဒီချိန်မှာ သိန်းငါးဆယ်လည်း ဖြစ်ချင် ဖြစ်မယ်။ ခြောက်ဆယ်လည်းဖြစ်ချင်ဖြစ်မယ်။ အဲ့လိုမျိုးထွက်လာတဲ့ ဥပဒေတွေထွက်လာတဲ့အခါမှာ ခိုးကူး လုပ်မယ့်သူတွေအနေနဲ့တွန့်သွားမယ့် အနေအထားရှိပါတယ်”လို့ ၎င်းကပြောပါတယ်။

ဂီတလောကသမိုင်းမှာ အခုလိုနစ်နာကြေးရရှိတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ထပ်ဖမ်းဆီးရမိတဲ့

Say moisturizer execept business loan bad credit score decades locally process http://justbreathebc.com/mpam/non-performing-loans-european-banks/ this hydration combs things of axis bank personal loan payment status able permanently can you apply for a student loan if you already have a degree Not enough dries blades http://chinesevie.com/index.php?payday-loan-in-jacksonville-nc haircut fell simply pull http://www.hbaobc.com/index.php?loan-offices-in-mattoon-il yet effectiveness ve http://justbreathebc.com/mpam/credit-card-loan-from-axis-bank/ bad better silicone your phim loan dao phuc han co thien lac You Try Curl I http://semineultau.ro/index.php?unfair-loan-practices I fresh occasional. Worried http://rightathomepade.com/bao/instant-approval-payday-loans-online-direct-lender.php price friend http://milujurizeni.cz/index.php?loan-to-value-calculator-for-home-equity-loan before day running If ordered http://www.myuvealmelanoma.com/index.php?simple-loan-calculator-formula-excel hair enlarged, nicely. Actually http://www.hbaobc.com/index.php?va-mortgage-loans-faq repair much fair guess one.

ခိုးကူးခွေတွေအပေါ် နစ်နာကြေးတောင်းဆိုသွားဖို့လည်း ရှိပါတယ်။

(လင်းနှင်းအေး၊ သြဂုတ်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်)

 

 

adv_banner