မသန်စွမ်းသူတွေပါဝင်နိုင်မယ့် စီးပွားရေးလုပ်ငန်းစတင်

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က မသန်စွမ်းသူများဆိုင်ရာ စီးပွားရေးပျိုးထောင်မှုစင်တာနှင့် မသန် စွမ်းသူများ အကျုံးဝင် စီးပွားရေးလုပ်ငန်းများ အစီအစဉ်ကနေ တစ်နှစ်ကို မသန်စွမ်းသူ ၅၀၀ ကို ထောက်ပံ့ရေး အစီအစဉ်ပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင် အသင်းက ပြောပါတယ်။

“ကွန်ပျုတာသင်တန်းတွေရှိမယ်။ ဘာသာစကားသင်တန်းတွေရှိမယ်။ အင်တာနက်နဲ့ အီးမေးလ် IT ဒါတွေ သုံးစွဲနိုင်အောင် စီစဉ်ပေးထားတာတွေရှိမယ်။ ကားအငှားလုပ်ငန်းနဲ့ ပုံနှိပ်ဓာတ်ပုံလုပ်ငန်းMILI တီးဝိုင်းလုပ်ငန်း၊ ဒါတွေကနေရမယ့် အခွင့်အလမ်းတွေ အခြားကုမ္ပဏီအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတဲ့ အလုပ်အကိုင်ရရှိရေး ကိစ္စဒါတွေ ကျွန်တော်တို့သွားပါတယ်။ လက်ရှိစီမံချက် ရာထားမှုက တစ်နှစ်ကိုမသန်စွမ်းတဲ့သူပျမ်းမျှ ၅၀၀ သတင်းအချက်အလက်ရရှိသူ၊ အလုပ်အကိုင်ရရှိသူ၊ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုတွေ ရရှိသူသုံးစွဲတဲ့ မသန် စွမ်းသူတွေ အားလုံးအနည်းဆုံး ၅၀၀ သုံးစွဲနိုင်ဖို့ target ထားတယ်”လို့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ Prog ram Director ကိုနေလင်းစိုးက ပြောပါတယ်။

အဲ့ဒီစင်တာဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ(၅)ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ မသန်စွမ်း သူများရှေ့ဆောင်အဖွဲ့ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စင်တာကနေမသန်စွမ်းသူများ ပုဂ္ဂိလိက ကုမ္ပဏီတွေမှာ အလုပ်လုပ်ကိုင်နိုင်ဖို့ အရည်အချင်းတွေဖြည့်ဆည်းပေးဖို့အတွက် လိုအပ်တဲ့ သင်တန်းပေး သွားမှာဖြစ်ပြီး အသေးစားပုံနှိပ်လုပ်ငန်းနဲ့ ဓာတ်ပုံလုပ်ငန်းတွေကနေ ၀င်ငွေရှာသွားဖို့ရှိပြီး ဒီလိုလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နိုင်ပေမယ့် အရင်းအနှီးမရှိတဲ့ မသန်စွမ်းသူတွေကိုလည်း အသုံးပြုခွင့်ပေးသွားမှာဖြစ်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းက မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကို ကား(၆)စီးလွှဲပြောင်းပေးအပ်ခဲ့ပြီး အဲ့ဒီ ကား(၆)စီးကို ကားအငှားလုပ်ငန်းဝန်ဆောင်မှုလုပ်ဆောင်သွား၍ အဲ့ဒီကားတွေကလည်း ၀ှီးချဲအသုံးပြုသူတွေ အလွယ်တကူ အတက်အဆင်းလုပ်နိုင်တဲ့ ဒီဇိုင်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

မသန်စွမ်းတွေ ရပ်တည်နိုင်ဖို့အတွက် အဓိကလိုအပ်ချက်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်တယ်လို့ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ကဆိုပါတယ်။

အဲ့ဒီပွဲကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နီပွန်ဖောင်ဒေးရှင်းတို့က တာဝန်ရှိသူတွေတို့ တက်ရောက်ခဲ့ကြပါတယ်။

 

(နိုဗယ်ဇော်၊ သြဂုတ်လ ၉ ရက်၊ ၂၀၁၄ ခုနှစ်)

 

adv_banner