နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို ရန်ကုန်မြို့တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပမည်

သြဂုတ်လ(၁၂)ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာလူငယ်များနေ့ အခမ်းအနားကို သြဂုတ်လ (၁၀) ရက်နေ့တွင် ရန်ကုန်မြို့၊ တက္ကသိုလ် စိန်ရတုန်ခန်းမမှာ မနက်(၉)နာရီကနေ ညနေ ၅နာရီအထိကျင်းပ
မှာဖြစ်ပါတယ်။

ဒီနှစ်ကုလသမဂ္ဂကချမှတ်ထားတဲ့ နိုင်ငံတကာလူငယ်များနေ့ရဲ့ ခေါင်းစဉ်ကတော့ လူငယ်နဲ့ စိတ်ကျန်း
မာရေးဖြစ်တဲ့အတွက် လူငယ်များကို စွမ်းရည်မြှင့်တင်ပေးခြင်းမှသည် ကျန်းမာဖွံ့ဖြိုးသောလူ့အဖွဲ့ အစည်းဆီသို့ ခေါင်းစဉ်နဲ့ပြုလုပ်မှာ ဖြစ်ပါတယ်။

“Healthy Society အဖွဲ့အစည်းဆီကို သွားတယ်ဆိုတဲ့အခါမှာ လူငယ်တွေကို စွမ်းအားမြှင့်တင် ပေးရ မယ်။ လူငယ်တွေကို စွမ်းအားမြှင့်တင်ပေးလိုက်တဲ့အခါမှာ Healthy Society ဖြစ်ဖို့ ရင့်ကျက်မှုအ ပြည့်နဲ့ သည်းခံစိတ်ထားတဲ့ လူမှု့အဖွဲ့အစည်းဖြစ်ဖို့ လူငယ်တွေက မောင်းနှင်ပေးနိုင်တယ်။ ဦးဆောင် ပေးနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဒီခေါင်းစဉ်ကို အကုန်လုံးစုစည်းပြီး ချမှတ်ဖြစ်ခဲ့ကြတာပါ”လို့ ရန်ကုန်လူငယ်ပွဲတော် ဖြစ်မြောက်ရေးကော်မတီဝင် မသဉ္ဇာရွှန်းလဲ့ရည် ကပြောပါတယ်။

လူငယ်ပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းပြပွဲ၂၀၁၄ ခုနှစ် အကြိုလှုံ့ဆော်မှုအဖြစ် လူငယ်အယောက် ၈၀ ကျော်နဲ့ လှုံ့ဆော်ရေးအဖွဲ့ (၆)ဖွဲ့ခွဲကာ ရန်ကုန်တိုင်းဒေသကြီးရှိ နေရာ ၁၉နေရာ၊ ကျောင်း ၁၇ ကျောင်း ကို သြဂုတ်လ(၂)ရက်နေ့ကနေ (၈)ရက်နေ့အထိ တစ်ပတ်ကြာ လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

“နံပါတ်တစ်ကတော့ လူတိုင်းသိသွားမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အများစုသိတဲ့အတွက်ကြောင့် ဘာဖြစ်လာမလဲဆိုတော့ အာရုံစိုက်လာမယ်။ အလေးထားလာမယ်။ မိဘတွေကလည်း သူတို့ သား သမီး တွေအတွက် ဘာတွေကူညီပေးရမလဲဆိုတာ သိလာမယ်။ နောက်တစ်ချက်က နိုင်ငံအစိုးရတွေ က အစိုးရတွေရဲ့ တာဝန်တွေက ဘာတွေဖြစ်မလဲ။ လူငယ်တွေ ကြုံနေရတဲ့ ပြဿနာ အခက်အခဲတွေ ကဘာလဲ ဘယ်လိုအခွင့်အလမ်းတွေ ဖန်တီးပေးရမလဲဆိုတဲ့ကဏ္ဍ တွေအကြောင်းတွေကိုလည်း သိ လာခြင်းအားဖြင့် လူငယ်တွေ လက်ရှိလုပ်နေတဲ့ Youth Policy ပိုမိုအားကောင်းလာစေမယ်။ ပြီးရင် လူငယ်တွေ Union Youth Center ဆိုတဲ့ ကျွန်တော်တို့ စင်တာလုပ်ဖို့ရှိပါတယ်”လို့ ရန်ကုန်လူငယ်ပွဲ တော် ဖြစ်မြောက်ရေးကော်မတီဝင် ကိုမျိုးမြင့်ထွန်းက ပြောပါတယ်။

လူငယ်ပွဲတော်ကို နိုင်ငံတော်သမ္မတရဲ့ နိုင်ငံတကာလူငယ်များနေ့ သ၀ဏ်လွှာကိုလည်း တောင်းခံ သွားဖို့ရှိနေသလို အစိုးရတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအင်အားစုတွေကိုပါ ဖိတ်ကြားသွားဖို့ ရှိတယ်။ လူငယ်ပွဲတော်မှာ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို စုစည်းပြီးထုတ်ပြန်ချက်ထုတ်ကာ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အဆင့်ဆင့်နဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေကိုတင်ပြ သွားမှာဖြစ်ပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးမှာ လူငယ်အများစုနေထိုင်ကြတယ်လို့ ပြောလို့ရတယ်။ background ပေါင်းစုံက တိုင်းနဲ့ပြည်နယ်ပေါင်းစုံကနေ ရန်ကုန်မှာရောက်နေကြတဲ့ လူငယ်တွေ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ အဲ့ဒီလူငယ်တွေအားလုံး ကျွန်မတို့ ပွဲလေးကိုလာရောက်ကြဖို့ အထူးဖိတ်ခေါ် ချင်ပါတယ်။ ဘာသာ၊ လူမျိုး၊ အသားအရောင်ခွဲခြားမှုမရှိပဲ အကယ်၍ သင်ဟာ စစ်သား တစ်ယောက် ဖြစ်မယ်ဆိုရင် လူငယ်အသက် ၃၅ နှစ်အောက် ၀န်းကျင် ဒီကျွန်မတို့ပွဲလေးကို လာရောက်လေ့လာ ပေးပါ။ ပူးပေါင်းပါဝင်ပြီးချိတ်ဆက်မှုတွေ လုပ်ပေးပါ။ ၀င်ရောက်ဆွေးနွေးပေးပါလို့ တောင်းဆိုချင် ပါတယ်။ သင်ဟာလူငယ်တစ်ယောက်မဟုတ်တော့ဘူးဆိုရင်လည်း လူငယ်တွေ ဘာတွေ လုပ်နေလဲ ဆိုတာ ၀င်ရောက်လေ့လာလို့ရပါတယ်”လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

၂၀၁၄ ခုနှစ် နိုင်ငံတကာလူငယ်များနေ့ကို တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာလည်း ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတကာမှာတော့ သြဂုတ်လ(၁၂)ရက်နေ့ကို နိုင်ငံတကာလူငယ်များနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက ၁၉၉၉ခုနှစ်မှာ စတင် သတ်မှတ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

 

adv_banner
adv_banner
adv_banner adv_banner